ချေတာ မကြိုက်ဘူး။ ချေလည်း မချေဘူး။

စိုးပြည့်သဇင်က သူမဘဝမှာ အချေခံခဲ့ရဖူးတဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း ချေတာ မကြိုက်သလို၊ ချေလည်း မချေတတ်ဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် စိုးပြည့်သဇင်က သူမဘဝမှာ မင်းသမီးတစ်ယောက်ဆိုတဲ့ မာန်မာနထက် အလုပ်အပေါ်မှာ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်လို့ ဆိုပါတယ်။ သူမဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’လူတစ်ယောက်ကလေ အလုပ်လုပ်တဲ့နေရာမှာ ပျော်နေဖို့လိုတယ်။ ထားပါတော့ ဒီမှာ ငါက မင်းသမီးပဲ ဆိုတဲ့ မာန်တွေက လူကို လေးပင်စေတယ်။ ဒီမှာမဟုတ်ပဲ တခြားနေရာတွေမှာဆိုလည်း ငါက Celebrity တစ်ယောက်ဆိုတဲ့ မာနတွေ သွားဖြစ်မယ်ဆိုရင် လူ့ရဲ့ စိတ်ကလည်း ကျဉ်းကြပ်လာသလို ပတ်ဝန်းကျင်ကလည်း ကျဉ်းကြပ်လာတယ်။ အဲဒါမျိုးကို စိုးပြည့်က မကြိုက်ဘူး။ စိုးပြည့်လည်း မချေဘူး၊ စိုးပြည့်ကို ချေရင်လည်း မကြိုက်ဘူး’’ လို့ ဆိုပါတယ်။

စိုးပြည့်သဇင်ကလည်း သူများချေတာ ခံခဲ့ရဖူးတယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာလည်း ပြန်လည်ချေခဲ့တာမျိုးမရှိသလို အပြုံးလေးနဲ့ပဲ ခေါ်ပြောဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ချေတာခံဖူးတယ်။ ကိုယ့်ကို ချေတာတွေ၊ Respect မပေးတာမျိုးတွေရှိတယ်။ ဒါပေမယ့် စိုးပြည့်ခံယူချက်က ငါ့ကိုချေလို့ ပြန်ချေတာမျိုးတော့ မရှိဘူး။ သူ့ကို အစ်မဆိုပြီးတော့ သွားခေါ်တယ်။ ညီမလေးဆို ညီမလေးလို့ခေါ်တယ်။ သူချေလို့ ကိုယ်ပြန်ချေတယ်ဆိုရင် ကိုယ်ပါ အဲဒီလိုဖြစ်သွားမှာပေါ့။ အဲဒီ့စိတ်ကို စိုးပြည့်မကြိုက်ဘူး။ မကြိုက်တဲ့အတွက်လည်း မလုုပ်ဘူး’’ လို့ သူကပြောပါတယ်။

သူမဟာ စာအရမ်းဖတ်သူဖြစ်သလို စာအုပ်တွေကနေ ရတဲ့ ဗဟုသုတတွေလည်း ကြွယ်ဝသူတစ်ယောက်ပါ။ ဒီလို ဗဟုသုတတွေထဲကမှ စိုးပြည့်သဇင်ရဲ့ ခံယူချက်တစ်ခုကိုလည်း အခုလိုပြောပြထားပါသေးတယ်။

‘’ စိုးပြည့် စာတွေဖတ်တဲ့အခါမှာလည်း ကိုယ်မကြိုက်တာ မလုပ်နဲ့ ဆိုတဲ့ဟာလေးတွေရှိတယ်။ အဲဒီတော့ သူချေတာ မကြိုက်ဘူးမို့လား ကိုယ်လည်း မချေနဲ့ အဲဒါဆို Ok တယ်။ သူကတော့ ငါ့ကိုချေတာမကြိုက်ဘူး၊ ငါကတော့ သူ့ကိုချေမယ် ဆိုတာမျိုးတော့ မကြိုက်ဘူး’’ ဆိုတာကို ဧပြီလ ၁ ရက်နေ့က လူးလူးစိန် ဇာတ်လမ်းတွဲရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။

စိုးပြည့်သဇင်က ရန်ကုန်တက္ကသိုလ် အဝေးသင် မြန်မာစာ စတုတ္ထနှစ်ကို အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ မကြာခင်မှာ ဘွဲ့ယူရတော့မှာပါ။ ပညာရေးကို ဦးစားပေးခဲ့လို့ အနုပညာအလုပ်တွေနဲ့ ခဏတာဝေးကွာခဲ့ပမယ့် အခုချိန်မှာတော့ ပြန်လည် လုပ်ဆောင်နေပါပြီ။ ဂီတဘက်ကိုလည်း အနည်းငယ်လျှော့နေခဲ့တာကြောင့် သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က