သူများတွေကို ဖခင်မေတ္တာဖွဲ့ချင်မိပါတယ်တဲ့။

အိန္ဒြာကျော်ဇင်က သူများအဖေတွေလိုပဲ သူကိုယ်တိုင်လည်း ချစ်ရတဲ့ ဖခင်ကို ကြွားချင်မိပါတယ်တဲ့။ ဒီနေ့အချိန်ထိ ဖခင်ဖြစ်သူရဲ့ အနားမှာ ရှိနေကြသူတွေကိုလည်း အရမ်းအားကျတယ်လို့ဆိုပါတယ်။

Photo: Eaindra Kyaw Zin



သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဖခင်မရှိတော့တဲ့ သူမအတွက် အဖေများနေ့မှာ အဖေ့ကို ရှိစေချင်တဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ အိန္ဒြာကျော်ဇင်အတွက် အဖေဆိုတဲ့ အဓိပ္ပာယ်ကို အခုလို ပြောပြထားပါတယ်။

‘’သူများတွေလို အဖေ့အကြောင်းတွေကြွားချင်လိုက်တာ ဒါပေမဲ့ အဖေမှမရှိတာ၊ သူများတွေလို အဖေ့မေတ္တာတွေဖွဲ့ချင်လိုက်တာ ဒါပေမဲ့ အဖေမှမရှိတာ၊ သူများတွေလို အဖေ့ကို အမိုးအကာကြီးတစ်ခုလို ရှိစေချင်လိုက်တာ ဒါပေမဲ့ အဖေမှမရှိတာ၊ သူများတွေလို အဖေ့ရဲ့ခွန်အားတွေရချင်လိုက်တာ ဒါပေမဲ့ အဖေမှမရှိတာ၊ သူများတွေလို "အဖေ"လို့ အားရပါးရခေါ်ချင်လိုက်တာ ဒါပေမဲ့ အဖေမှမရှိတာ။ အဖေရှိတဲ့သူများအားလုံးကို အားကျလျှက် "အဖေများနေ့" အတွက်အမှတ်တရ ဖေဖေဦးကျော်ဇင် ရဲ့ သမီး အိန္ဒြာကျော်ဇင်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ ၁၆ ရက်နေ့ည ၁၁ နာရီခွဲက ရေးသားခဲ့တာ တွေ့ရပါတယ်။


Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Photo: Amazing Grace

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က