App Annie က ပေးတဲ့ Top Publisher 2018 ဆုလည်း ရခဲ့ပါတယ်။

လစဉ်သုံးစွဲသူပမာဏအနေနဲ့Lazada ဟာ ပြီးခဲ့တဲ့နှစ်က အရှေ့တောင်အာရှရဲ့ မိုဘိုင်း shopping ဈေးကွက်ကို ကြီးစိုးထားခဲ့တယ်လို့ဆိုပါတယ်။

         အက်ပလီကေးရှင်း ခွဲခြမ်းလေ့လာမှုနဲ့ဈေးကွက်အချက်အလက် စောင့်ကြည့်တဲ့ App Annie ကနေ ထုတ်ပြန်တဲ့ အချက်အလက်များကို ကြည့်ပြီး Lazada ကို အရှေ့တောင်အာရှရဲ့ နံပါတ်တစ် Shopping App အဖြစ် သတ်မှတ်ခဲ့တာပါ။ Lazada ဟာ App Annie ကပေးတဲ့ အရှေ့တောင်အာရှရဲ့ လစဉ်သုံးစွဲသူ MAU အများဆုံးရှိထားတဲ့ Top Publisher 2018 Award လည်း ရရှိခဲ့ပါတယ်။

Photo:techinasia

         ၂၀၁၉ ပထမ သုံးလပတ်မှာလည်း Lazada ဟာ App Annie ရဲ့ အချက်အလက်များအရ အရှေ့တောင်အာရှရဲ့ ထိပ်တန်း Shopping app နေရာမှာ ရှိထားတယ်လို့Pandaily မှာ ဖော်ပြထားပါပတယ်။ Lazada ဟာ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ အွန်လိုင်း အရောင်းအဝယ် ပလက်ဖောင်းတစ်ခု ဖြစ်ပြီး အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စကာၤပူ ၊ ထိုင်းနဲ့ဗီယက်နမ်တို့မှာ လုပ်ငန်းလည်ပတ်နေပါတယ်။

         

၂၀၁၆ ခုနှစ်မှာ Alibaba ဟာ Rocket Internet ပိုင် အရှေ့တောင်အာရှ e-Commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lazada ကို ဝယ်ယူခဲ့ပါတယ်။ လက်ရှိမှာ Alibaba ဟာ Lazada ရဲ့ရှယ်ယာ ၉၀% ကျော် ပိုင်ဆိုင်ပြီး ၂၀၁၇ ခုနှစ်ထဲမှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ Alibaba ဟာ ၂၀၁၆ ခုနှစ် ဧပြီလကတည်းက Rocket Internet ဆီက Lazada ရဲ့ ရှယ်ယာ ၅၁% ကို ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ခဲ့ြ့ပီး operation မှာ ပါဝင်လာခဲ့တာပါ။


Photo: pandaily  

       Alibaba ဟာ ၂၀၁၈ နှစ်ဆန်းပိုင်းအထိ Lazada မှာ ဒေါ်လာ ၄ ဘီလျံထိ ရင်းနှီးမြှပ်နှံထားတယ်လို့Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ Lazada ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Rocket Internet လုပ်ငန်းဟာ ၂၀၁၂ ခုနှစ်မှာ Daraz Group အောက်ကနေ Shop.com.mm အမှတ်တံဆိပ်နဲ့မြန်မာပြည် e-Commerce ဝန်ဆောင်မှုကို စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

         Alibaba ဟာ ၂၀၁၈ မေလ ၆ ရက်နေ့မှာ ပါကစ္စတန်အခြေစိုက် Daraz Group ကို ဝယ်ခဲ့ပါတယ်။ Daraz Group လုပ်ငန်းလည်ပတ်နေတဲ့ ပါကစ္စတန် ၊ သီရိလကာၤ ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် နဲ့နီပေါတို့ဟာ လူဦးရေ စုစုပေါင်း သန်း ၄၆၀ ကျော် ရှိထာတဲ့ ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။


      

Share

Loading Next Article...
က္က