အဝေးသင်ပညာရေးစနစ်သစ်မှာ အဝေးသင်ကျောင်းတက်ရက်ကို ၅ ရက်စီ နှစ်ခါ ခွဲတက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

အဝေးသင်ပညာရေးစနစ်သစ်မှာ အဝေးသင်ကျောင်းတက်ရက်ကို ၅ ရက်စီ နှစ်ခါ ခွဲတက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

အဝေးသင်ပညာရေးစနစ် အရည်အသွေးကောင်းစေရန် ကျောင်းသားတွေအနေနဲ့ အနီးကပ်(၁၀)ရက်ကို (၂)ကြိမ်ခွဲတက်ရန် ပညာရေးဝန်ကြီးဌာနက ပြောင်းလဲလိုပေမဲ့ ယခု စာသင်နှစ်မှာတော့ မစနိုင်သေးဘူးလို့ အဆင့်မြင့်ပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက Duwun ကို ပြောပါတယ်။



“အခုစနစ်သစ်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အခက်အခဲတွေရှိနေတယ်။ ဒါကြောင့် အခုနှစ်ပညာသင်နှစ်မှာတော့ ပုံမှန်တိုင်း အနီးကပ်(၁၀)ရက်နဲ့ပဲ သွားမှာပါ၊ ဒီစနစ်နဲ့ပတ်သက်ပြီးတော့လည်း ဆရာတွေ၊ ကျောင်းသားတွေရဲ့ဆန္ဒကိုရယူသွားမှာဖြစ်တယ်၊ အားလုံးရဲ့ဆန္ဒကိုရယူပြီးမှ လုပ်မှာဖြစ်လို့ အချိန်တော့ယူရအုံးမယ်” လို့ ဒေါက်တာသိန်းဝင်းက Duwun ကို ဖြေကြားခဲ့တာပါ။

အဝေးသင်ပညာရေးစနစ် ပြောင်းလဲမှုကို ပညာရေးဝန်ကြီးဌာနက ယခုနှစ်ပညာသင်နှစ်မှာ စတင်ရန်အတွက် ၂၀၁၈ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ယခုအခါမှာတော့ ပညာရေးစနစ်သစ် စတင်ရန် အချိန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျောင်းသားထုဆန္ဒမပါတဲ့ အဝေးသင်စနစ်သစ် အလိုမရှိ ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်

အဝေးသင်ပညာရေးစနစ်သစ်ကို ကျောင်းသားအဖွဲ့အစည်းတွေ၊ ဆရာအဖွဲ့အစည်းတွေကလည်း ကန့်ကွက်မှုတွေရှိနေပါတယ်။ မေလ (၁၃)ရက်က မန္တလေးရတနာပုံတက္ကသိုလ်နယ်မြေမှာ ကျောင်းသားထုဆန္ဒမပါတဲ့ အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိကြောင်း လှုပ်ရှားမှုကို ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြုလုပ်ခဲ့ပါသေးတယ်။ 

စနစ်သစ်က ၎င်းတို့အတွက် မည်သို့မျှ အဆင်မပြေကြောင်းနဲ့ ထိုကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားထု လှုပ်ရှားမှုတွေကို မေလနဲ့ ဇွန်လတွေမှာ တစ်နိုင်ငံလုံး လုပ်ဆောင်သွားမယ်လို့လည်း ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က Duwun ကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က