အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ မန်ယူနိုက်တက်ပရိသတ်အချို့က တောင်းဆိုနေချိန်မှာ တန်ဟက်နဲ့ ပြောဆိုဆွေးနွေးချင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ အိုးလေဒီတွေ စာရင်းဇယားအရှုပ်တော်ပုံကြောင့် ရမှတ် ၁၅ မှတ်လျှော့ချခံခဲ့ရပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ မန်ယူနိုက်တက်ပရိသတ်အချို့က တောင်းဆိုနေချိန်မှာ တန်ဟက်နဲ့ ပြောဆိုဆွေးနွေးချင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စီးရီးအေထိပ်သီးအသင်းကြီးရဲ့ အခြေအနေဟာ မရေရာမသေချာမှုတွေမြင့်တက်လာနေတာဖြစ်ပြီး ကြယ်ပွင့်ကစားသမားတွေနဲ့ လမ်းခွဲရကောင်း လမ်းခွဲရနိုင်တာ ဖြစ်ပါတယ်။ စီးရီးအေကလပ်အသင်းရဲ့ အပြောင်းအရွှေ့သဘောတူညီမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ၂၀၀၆ ခုနှစ်တုန်းကလည်း လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် စီးရီးဘီကို တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အများစုဟာ ပြင်သစ်ကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်ခဲ့တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ Express ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့မေလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ချင်ခဲ့တယ်လို့ သိရပါတယ်။


ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်မှာ အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေမှုတွေက ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ ဒုတိယအကြိမ်သက်တမ်းကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းတွက် ပြိုင်ပွဲစုံ ၂၃၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာနဲ့ ၎င်းရဲ့ အသင်းဖော်တွေရဲ့ အနာဂတ်ဟာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး ပြင်သစ်ကြယ်ပွင့်ဟာပြီးခဲ့တဲ့နွေရာသီတုန်းက အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်ခဲ့ပုံပေါ်ပေမယ့်လည်း မန်ယူနိုက်တက်ကို ပြန်သွားဖို့က မဖြစ်နိုင်ဖို့များနေပုံပေါ်ပါတယ်။ တန်ဟက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကာစီမီရိုနဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူပြီး ကွင်းလယ်ကို သွေးသစ်လောင်းခဲ့ပြီး ဘာစီလိုနာကြယ်ပွင့် ဖရန်ကီ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က