အခုတည်းက ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေအတွက် ပြင်ဆင်ဖို့ ပြောနေကြတာပါ။

ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးက လာမယ့်နွေရာသီ အားလပ်ရက်မှာတောင် ကစားသမားတွေအနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ကြံ့ခိုင်မှုကို အကောင်းဆုံးပုံစံမှာရှိနေအောင် ထိန်းသိမ်းထားသင့်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပေါ် အားမလို အားမရဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။



အဲ့ဒါကြောင့်လည်း ဇွန်လမကုန်ခင်တည်းက ယူနိုက်တက် ကစားသမားတွေကို အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ညွှန်ကြားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားကွက်မှာ လိုက်ပါစီးမျောနိုင်ဖို့၊ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို (၂) ပတ်စောလုပ်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

အဲရစ်တန်ဟက်ခ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေပြီး သူနဲ့အလုပ်တွဲလုပ်မယ့် ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေနဲ့ အစည်းအဝေးကျင်းပသွားမှာပါ။ အဲ့ဒီနောက် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ယူနိုက်တက်ရဲ့ ရာသီပိတ်ပွဲကို ကြည့်ရှုဖွယ်ရှိနေပါတယ်။

ဒီလိုအချိန်မျိုးမှာ တွမ်မီနေးက ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟလိုက်ပါတယ်။ တွမ်မီနေးက “ခင်ဗျားရဲ့ အားလပ်ရက်တွေက မိသားစုနဲ့ပဲ အတူတူ ကုန်ဆုံးရမှာပါ။ ဒါပေမယ့် ကျနော်ကတော့ နည်းပြသစ်အတွက် လေ့ကျင့်ခန်းဆင်းပြီး အကောင်းဆုံးပုံစံရှိနေအောင် တခုခုလုပ်သင့်တယ်လို့ စဥ်းစားမိနေပါတယ်”

“အားလပ်ရက်ရနေသည့်တိုင် ခင်ဗျားက လုံးဝအနားရတာမျိုး မဟုတ်ပါဘူး။ ခင်ဗျား မိသားစုနဲ့ ဘယ်နေရာကို ရောက်နေသည်ဖြစ်စေ လုပ်စရာရှိတာကို လုပ်နေရမှာပါ။ နည်းပြသစ်အတွက် အကျိုးသက်ရောက်မှုတခုခုရှိဖို့ ပြန်လာပြီး အကောင်းဆုံးလုပ်ပြဖို့ စဥ်းစားနေပါလိမ့်မယ်။ အခြားကစားသမားတွေလည်း အတူတူပါပဲ”

“ဘောလုံးက ကျနော်တို့ရဲ့ဘဝတခုဖြစ်ပြီး အကောင်းဆုံးအချိန်တွေကို မဖြတ်သန်းနိုင်တဲ့အချိန်မှာတော့ ဒါက ခက်ခဲကြမ်းတမ်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိအချိန်တည်းက သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အကောင်းဆုံးပြင်ဆင်လျက်ရှိပြီး ယူနိုက်တက်ကစားသမားအားလုံး ဒီလိုမျိုး ပြုပြင်ပြောင်းလဲလာနိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က