အဲရစ်တန်ဟက်ခ်ရဲ့ စိတ်ကြိုက်သုံးယောက်စာရင်း ထွက်ပေါ်လာတာပါ။

လာမယ့်ရာသီ ယူနိုက်တက်ရဲ့ အစီအစဥ်တွေမှာ ပါဝင်ဖို့ အဲရစ်တန်ဟက်ခ်ရွေးချယ်ထားတဲ့ ကစားသမားအချို့ ထွက်ပေါ်လာပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့်နွေရာသီကာလကစပြီး ယူနိုက်တက်ကို ကိုင်တွယ်တော့မှာပါ။



အဲရစ်တန်ဟက်ခ်ရဲ့ ယူနိုက်တက်မှာ အပြောင်းအလဲ အများအပြား မြင်တွေ့ရနိုင်ဖွယ်ရှိပြီး လက်ရှိကစားသမား အများစုကတော့ ယူနိုက်တက်နဲ့အတူ အနာဂတ်မသေချာဖြစ်နေပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်အနေနဲ့ ချက်ချင်းဆိုသလို အားလုံးကို အပြောင်းအလဲလုပ်နိုင်မှာမဟုတ်ပါဘူး။

အဲ့ဒါကြောင့်လည်း ကစားသမားအချို့က အဲရစ်တန်ဟက်ခ်ရဲ့ လာမယ့်ရာသီစီမံကိန်းတွေမှာ ပါဝင်ခွင့်ရဦးမှာဖြစ်ပြီး ဒီကစားသမားတွေရဲ့ နာမည်က ထွက်ပေါ်လာခဲ့ပါတယ်။ အရင်ဆုံးအနေနဲ့ ညာနောက်ခံလူ ဒါလော့ဖြစ်ပြီး ဒီကစားသမားရဲ့ အရည်အချင်း၊ စွယ်စုံရမှုနဲ့ တိုက်စစ်လိုက်ပါမှုတွေကို အဲရစ်တန်ဟက်ခ်က သဘောကျတယ်လို့ သိရှိရပါတယ်။

ဒါလော့ဟာ ဆိုးလ်ရှားလက်ထက်တုန်းက အရံခုံမှာသာထိုင်နေရပြီး အသင်းပြောင်းဖို့အထိ သတင်းထွက်ခဲ့တာပါ။ ဒါပေမယ့် လက်ရှိနည်းပြ ရန်းနစ်ဂ်လက်ထက်မှာတော့ ပုံမှန်နေရာရရှိနေပါတယ်။ အဲရစ်တန်ဟက်ခ် သဘောကျတဲ့ နောက်ထပ်ကစားသမားနှစ်ယောက်ကတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ရော်နယ်ဒိုတို့ပဲဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ရော်နယ်ဒိုမရောက်ခင်မှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အဲရစ်တန်ဟက်ခ်သာ အသုံးပြုတတ်ရင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ အဲရစ်တန်ဟက်ခ်ရဲ့ ကစားကွက်မှာ အံဝင်ဖို့ မသေချာဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ရဲ့ ဦးစားပေးကစားသမားစာရင်းမှာ ရော်နယ်ဒိုပါဝင်နေပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ဆက်နေမယ်လို့ အတည်ပြုထားပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ယောက်အကြား ဆွေးနွေးပြီးပြီလို့ ယူဆရပါတယ်။

အဲရစ်တန်ဟက်ခ် အခု ဦးစားပေးထားတဲ့ ကစားသမား (၃) ယောက်လုံးက ပေါ်တူဂီသားတွေဖြစ်နေတာတော့ ထူးခြားတဲ့အချက်တခုပါ။ ဒါ့အပြင် အဲရစ်တန်ဟက်ခ်ဟာ အငှားနဲ့ထွက်ကစားနေတဲ့ ဗန်ဒီဘိခ်၊ ပါရဲရားတို့ကို အသင်းမှာ ပြန်လည်ခေါ်ယူထားမယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က