အယ်လ်နာဆာတိုက်စစ်မှူးရော်နယ်ဒိုဟာ အာရှဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်တဲ့ အနောက်အာရှရဲ့ တလတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဆော်ဒီလိဂ်မှာလည်း ဩဂုတ်လအတွက် တလတာအကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုက ဆွတ်ခူးထားပြီး အခုကတော့ ဒေသတွင်းရဲ့ အကောင်းဆုံးဆုကို ရရှိဖို့ အခွင့်အရေးရှိလာခဲ့တာပါ။
အာရှဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ ဆုဖြစ်တာမို့ တန်ဖိုးရှိတဲ့ ဆုတခုဖြစ်ပြီး ရော်နယ်ဒိုကိုယ်တိုင်လည်း ဒီဆုကို လက်ခံရယူချင်နေမှာ သေချာပါတယ်။ ရော်နယ်ဒိုဟာ ဩဂုတ်လအတွင်းမှာ အယ်လ်နာဆာအတွက် ထူးရှယ်ခြေစွမ်းပြခဲ့ကာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါကာလအတွင်းမှာ သူက လိဂ်ပွဲ ၄ ပွဲကစားကာ ၅ ဂိုးသွင်း ၂ ကြိမ်ဖန်တီးပေးခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအစမှာ ကစားခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုက ၁ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးကာ ခြေစွမ်းပြခဲ့ပါသေးတယ်။ အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးက အသင်းကို နာမည်ကျော်ကစားသမားတွေ ထပ်ရောက်လာခဲ့ပြီးနောက် ပိုမိုခြေစွမ်းပြလာခဲ့တာပါ။ အာရပ်ကလပ်ဖလားပွဲကအစပြုပြီး လက်ရှိအချိန်ထိ သူက ဂိုးတွေ ဆက်တိုက်သွင်းယူနေတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက်တော့ ဘယ်လိုဆုကိုမဆို ရယူချင်တဲ့သူဖြစ်လို့ ဒီဆုကို မျှော်လင့်နေမှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း သူက ဆက်လက်ရွေးချယ်ခံထားရပြီး နိုင်ငံတကာပွဲစဉ်တွေကို ကစားပေးရဥိးမှာဖြစ်ကာ သူ ဂိုးသွင်းယူနိုင်မလား စောင့်ကြည့်ရပါဦးမယ်။