အသက်(၂)နှစ်မပြည့်သေးဘူးနော်။

တစ်မိသားစုလုံးရဲ့ အချစ်ကို ရရှိထားတဲ့ မိုးယုစံရဲ့ သားလေးက ဉာဏ်အရမ်းကောင်းတယ်လို့ ဆိုရမှာပါ။ အသက်(၂)နှစ် မပြည့်သေးပေမယ့် အင်္ဂလိပ်စာလုံးရေပေါင်း (၁၂၀)လောက်ကို သိနေပါပြီ။

 

Photo : မိုးယုစံ

မိုးယုစံရဲ့ တစ်ဦးတည်းသော သားလေး Austin က (၁)နှစ်နဲ့ (၉)လသားအရွယ်ရောက်နေပါပြီ။ သားသားက စကားတော့ မပြောတတ်သေးပေမယ့် အင်္ဂလိပ်စာလုံးရေ (၁၂၀)လောက်ကို ပုံနဲ့တကွ ရွေးတတ်နေပါပြီ။ မေမေက အင်္ဂလိပ်အသံထွက်နဲ့ ပုံလေးတွေ ပြပြီး ရွေးခိုင်းတာကို မှန်အောင် ရွေးချယ်တတ်တာကြောင့် ပရိသတ်တွေလည်း ချီးကျူး မဆုံးဖြစ်လို့နေပါတယ်။ အရမ်းတတ်တဲ့ သားလေးကြောင့် မိုးယုစံလည်း ပျော်နေပါတယ်။

"၁နှစ်၉လသားလေးသိချက်ကတော့ ပြောတော့မပြောတတ်သေးပေမဲ့ အင်္ဂလိပ်စာလုံးရေ၁၂၀လောက်ကိုသိနေပီ စိတ်ကလည်းသိပ်မရှည်တဲ့ ကလေးလေးမို့ ၈၁လုံးပဲမေးလို့ရတယ် ချစ်တယ်သားလေးရယ်" ဆိုပြီး မေလ(၂၄) ရက်နေ့က သားလေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပြီး ပြောထားတာပါ။



Photo : မိုးယုစံ

မိုးယုစံက သားလေးအဖော်ရအောင် နောက်ထပ် ရင်သွေးလေးတစ်ယောက် ထပ်ယူမယ်လို့ မီဒီယာတွေမှာ ဖြေခဲ့ဖူးပါတယ်။

“သားသားကအခုအရမ်းတတ်တယ်။ သွက်လည်းသွက်တယ်။ ညီမတို့နဲ့မတူဘူး။ညီမတို့ဆို ငယ်ငယ်တုန်းက အရမ်းအေးတယ်။သားသားက အခုချိန်ထိ သွက်နေတာပဲ ကြီးလာရင်တော့မသိဘူး။ ကလေးက သားသားမှ မဟုတ်ဘူး သွက်ကြတယ်။သားသားအတွက် အဖော်ရအောင် နောက်ထပ် ကလေးက ယူဖို့ ရှိပါတယ်။ တစ်ယောက်တည်းဆိုတော့ မကောင်းဘူးထင်တယ်လေ။ မောင်နှစ်မနှစ်ယောက်ဆိုတော့ တိုင်တိုင်ပင်ပင် ဖေးဖေးမမရှိတယ်။ “ လို့ သူမက ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM (9) နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာပါ။

Photo : မိုးယုစံ

မိသားစုဘဝကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေနဲ့ နည်းနည်း အလှမ်းဝေးကွာနေပေမယ့်လည်း သူမရွေးချယ်ခဲ့တဲ့လမ်းဟာ အခုချိန်ထိ အဖုအထစ်မရှိတဲ့အတွက် သူမပျော်နေရတယ်လို့ ဆိုပါတယ်။

“အနုပညာအလုပ်ကို အိမ်ရှင်မအလုပ်နဲ့ လဲလိုက်ရတာ တန်တယ်လို့ ထင်လားဆိုတော့ တန်ပါတယ်။ ဘာလို့လည်း ဆိုတော့ ညီမရွေးချယ်လိုက်တဲ့လမ်းဟာ အခုချိန်ထိ ဘာအဖုအထစ်မှ မရှိဘူး။မရှိတဲ့အတွက် ညီမရွေးချယ်တဲ့လမ်းမှန်တယ်။ အဲ့အတွက် အခုချိန်ထိ စိတ်ချမ်းသာတယ်။ ပျော်တယ်။ တန်တယ်လို့ ထင်ပါတယ်။” ဆိုပြီး မိုးယုစံက ပြောပြခဲ့ပါတယ်။

Photo : မိုးယုစံ

ကိုစွမ်းသူမိုး နဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း ၂၀၁၆ခုနှစ်၊ အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေးAustin(ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က