အသက် ၂၀ အရွယ်သာရှိသေးပြီး လီဗာပူးရဲ့ အဓိက ညာနောက်ခံလူအဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ညနောက်ခံလူ အလက်ဇန္ဒား အာနိုးလ်ကို အင်္ဂလန်အသင်း လူစာရင်းကနေ ပြန်လည်ထုတ်ပယ်လိုက်ပြီလို့ BBC SPORT က ဖော်ပြပါတယ်။ အာနိုးလ်ဟာ နောက်ကျောဒဏ်ရာရနေတာကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပေမယ့် ၎င်းအစား အခြား ကစားသမားတစ်ဦးကို ပြန်လည် အစားထိုးခေါ်ယူသွားမှာ မဟုတ်ဘူးလို့လည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ဆိုပါတယ်။ အင်္ဂလန်အသင်းကတော့ ဒီနိုင်ငံတကာ ပွဲစဉ်ကာလမှာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေအဖြစ် ချက်အသင်း၊မွန်တီ နီဂရိုးအသင်းတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။
“အာနိုးလ်အနေနဲ့ အင်္ဂလန်အသင်းကို ရောက်ရှိလာစဉ်ကတည်းက နောက်ကျောဒဏ်ရာက ရထားခဲ့ပြီးသားဖြစ်ပြီး ကစားနိုင်ဖို့ မသေချာလို့ ပြန်လွှတ်လိုက်ရတာပါ” လို့ အင်္ဂလန်အသင်းက ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်အသင်းကတော့ လာမယ့် သောကြာနေ့မှာ ချက်အသင်းကို အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေမှာ ဧည့်ခံကစားမှာဖြစ်ပြီး ထို့နောက် တနင်္လာနေ့မှာတော့ မွန်တီနီဂရိုးအသင်းနဲ့ ဆက်လက်ကစားမှာပါ။
အင်္ဂလန်အသင်းရဲ့ နောက်ဆုံး လူစာရင်း
ဂိုး - ဘတ်ခ်လန်း ၊ တွမ်ဟီတန်၊ ပစ်ဖို့ဒ်
နောက်တန်း - ချီဝီလ်၊ ကီရန်နီ၊ မက်ဂွဲ၊ ရို့စ်၊ တာကောစကီး ၊ ထရစ်ပီယာ ၊ ဝေါ်လ်ကာ
ကွင်းလယ် - ဘာကလေ ၊ အလီ ၊ ဒိုင်ယာ ၊ ဟန်ဒါဆင် ၊ ရိုက်စ်၊ ဂျမ်းဝက်-ပရိဆီ
ရှေ့တန်း - ကာလန်ဟတ်ဆန်၊ ကိန်း ၊ ရက်ရှ်ဖို့ဒ် ၊ ဆန်ချို ၊ စတားလင်း ၊ ဝေလ်ဆန်