ဥရောပနိုင်ငံအများစုတွင် ရောဂါကူးစက်ခံရသူများပိုများလာတဲ့အပြင်အီတလီနိုင်ငံအနေနဲ့ ၁၈ဝကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်အဆိုးရွားဆုံးဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်ဘော လုံးအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပြီး ပရိသတ်ဝင်ရောက်ကြည့်ရှုမှုနှှုန်းကျဆင်းခြင်း က အောက်တန်းလိဂ်အချို့ဖျက်သိမ်းရမယ့်အခြေအနေအထိရှိလာနိုင်တယ်လို့ thesunကကိုးကား သုံး သပ်ဖော်ပြလာခဲ့ ပါတယ်။
လက်ရှိဥရောပနိုင်ငံတွေထဲမှာ အီတလီနိုင်ငံက ရောဂါပိုးကူးစက်ခံရမှုအများဆုံးဖြစ်နေခဲ့ပြီး ပရော်ဖက် ရှင်နယ်ကစားသမားတွေကိုပါ ကူးစက်ခံထားရတဲ့အတွက်အဆိုးရွားဆုံးအခြေအနေဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ ပရိသတ်အများစုအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားဖို့ဆန္ဒရှိနေခဲ့ပြီး တာဝန်ရှိသူတွေကတော့ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့အတွက် ညှိနှိုင်းမှုအချို့ရှိနေခဲ့တယ်လို့သ တင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
ထွက်ပေါ်လာတဲ့ စစ်တမ်းတစ်ခုကို thesun ကဖော်ပြခဲ့ရာမှာတော့ ပရိသတ်မပါဘဲပွဲစဉ်တွေကိုရွှေ့ဆို င်းကစားခဲ့ပါက ရှေရည်မှာအသင်းငယ်အချို့နဲ့အောက်တန်းအမှတ်ပေးလိဂ်အသင်းတွေကို ဖျက်သိမ်း တဲ့အထိအခြေအနေဆိုးရွားနိုင်တယ်လို့ လည်းကိုးကားဖော်ပြမှုတွေရှိနေခဲ့ပါတယ်။
လက်ရှိမှာ အီတလီဘောလုံးလောကအတွက် အဆိုးရွားဆုံးအခြေအနေဖြစ်နေခဲ့ပေမယ့် အင်္ဂလန်ပရီး မီးယားလိဂ်ပွဲစဉ်တွေကတော့ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ပရိသတ်များအတွက် ကျန်းမာရေးစစ်ဆေးမှုများကိုသာ အာရုံစိုက်ပြုလုပ်မှုများပြုလုပ်နေခဲ့သလို ကွင်း အတွင်းကစားသမားတွေအနေနဲ့လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ဖို့တားမြစ်ထားတာတွေလည်းရှိနေခဲ့ပါတယ်။