နည်းပြဆောက်ဂိတ်အနေနဲ့ အေဘရာဟင်ကို အင်္ဂလန်အသင်းဆီခေါ်ယူလိုနေခဲ့တာပါ။

အေဘရာဟမ်အနေနဲ့ မိဘနှစ်ဦးကြောင့် နိုင်ငံနှစ်နိုင်ငံရွေးချယ်ခွင့်ရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းရွေးချယ်မှုအဖြ စ် အင်္ဂလန်လက်ရွေးစင်အသင်းကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်လို့ Dailymailရဲ့အခိုင်အမာဖော် ပြ ချက်အရ သိရပါတယ်။

အေဘရာဟင်ကို နိုင်ဂျီးရီးယားနိုင်ငံသားဖခင်ဖြစ်သူ၊ အင်္ဂလန်နိုင်ငံသူမိခင်ဖြစ်သူတို့က အင်္ဂလန်နို င်ငံ မှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက် ကာယကံရှင်အနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းရွေးချယ်မှုတွင် နိုင်ဂျီး ရီးယား၊ အင်္ဂလန်နိုင်ငံတို့ကို ရွေးချယ်ခွင့်ရှိနေတာလည်းဖြစ်ပါတယ်။



အစောပိုင်းသတင်းထွက်ပေါ်မှုတွင် အေဘရာဟမ်အနေနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့အခွင့်အေ ရး ပေးမှုကိုမရရှိခဲ့ပါက စီနီယာကစားသမားတစ်ဦးဖြစ်တဲ့ ပဲလေ့စ်တိုက်စစ်မှူးဇာဟာလိုမျိုး အင်္ဂလန် နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ဖို့ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်အနေနဲ့ ချက်၊ ဘူလ်ဂေးရီးယားတို့ကိုရင်ဆိုင်ရမယ့် ယူရို၂၀၂၀ခြေစစ်ပွဲအတွက် ကစားသမားစာရင်းကို လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုထုတ်ပြန် ကြေ ညာဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေတာပါ။

အေဘရာဟမ်အနေနဲ့ လူငယ်ကစားသမားဘဝတွင် သက်တမ်းအလိုက်အင်္ဂလန်အသင်းတွေမှာ ကို ယ် စားပြုကစားခဲ့ဖူးသူဖြစ်ပြီး လက်ရွေးစင်အသင်းကြီးအတွက်ကိုမူ ဖီဖာအသိအမှတ်ပြုမဟုတ်တဲ့ ခြေ စမ်းပွဲစဉ်တွေမှာသာ ပါဝင်ကစားခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က