အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ဂိုးသမားဟောင်း ရောဘတ်ဂရင်းဟာ ဟက်ဒါစ်ဖီးလ်အသင်းကနေ ၂၀၁၇-၂၀၁၈ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးလို့ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ချယ်ဆီးအသင်းက ကော်တိုရစ်၊ ကာဘာလယ်ရိုတို့ရဲ့နောက်မှာ တတိယဂိုးသမားအဖြစ် အရန်သင့်ထားရှိဖို့ ၁ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။



image.jpg 

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရောဘတ်ဂရင်းဟာ ချယ်ဆီးအသင်းနဲ့ မိနစ်အနည်းငယ်ကြာ ဖုန်းနဲ့ ပြောဆိုဆွေးနွေးပြီးနောက် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရောဘတ်ဂရင်းဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားပေးခဲ့တဲ့ ဂိုးသမားဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားဟာ ရောဘတ်ဂရင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ်။

"တော်တော်ကသောင်းကနင်းနိုင်တဲ့ ၂၄ နာရီဖြစ်ခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ကစားသမားဘဝအတွက် ဘယ်ကို သွားချင်လဲဆိုတာကို စဉ်းစားနေတုန်းမှာ အခုလို ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီး ခပ်တိုတိုပဲ ပြောဆိုဆွေးနွေးကြတယ်"

"အဲဒီအချိန်ဟာ ကျွန်တော့်အတွက် အရမ်းကိုအံ့သြစရာကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်။ ချယ်ဆီးအသင်းမှာ ကစားသမားအဖြစ်နဲ့ စတင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ကျွန်တော်လုံးဝကို ကျေနပ်မိပါတယ်။ ဒီမှာရှိနေရတာ အရမ်းကို စိတ်လှုပ်ရှားပြီး ဂုဏ်ယူစရာလည်းဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

၁၉၉၉ ခုနှစ်မှာ နောဝစ်ချ်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့တဲ့ ရောဘတ်ဂရင်းအတွက် လာမယ့်ရာသီမှာ ကစားသမားဘဝ နှစ် ၂၀ ပြည့်မြောက်တော့မှာဖြစ်ပြီး ဝက်စ်ဟမ်း၊ ကွင်းပတ်ရိန်းဂျား၊ လိဒ်ယူနိုက်တက်နဲ့ ဟက်ဒါစ်ဖီးလ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းရဲ့ပွဲထွက်ဂိုးသမား ကော်တိုရစ်ကို ဆုံးရှုံးရဖွယ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အသင်းမှာ ဂိုးသမား ၂ ဦးသာရှိနေတာကြောင့် နောက်ထပ် အရန်သင့်ထားရှိနိုင်မယ့် ဂိုးသမားတစ်ဦးကို အရေးပေါ် ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က