အဲဒီအချိန်က ပတ်စပို့စ်နဲ့ ဗီဇာတောင် ကွဲကွဲပြားပြား မသိသေးတဲ့ တောသားလေးတစ်ယောက်တဲ့။ ဘဝက မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာဆိုပြီး စနောက်ထားပါသေးတယ်။
Photo : နေမင်း
သရုပ်ဆောင် နေမင်းက အသက်(၁၉)နှစ် မပြည့်သေးတဲ့ အရွယ်ကတည်းက ကိုရီးယားမှာ အလုပ်သွားလုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ပတ်စပို့စ်နဲ့ ဗီဇာတောင် ကွဲကွဲပြားပြား မသိသေးတဲ့ တောသားလေး တစ်ယောက် ဖြစ်တဲ့ နေမင်းဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုရီးယားကို ရောက်ခဲ့ရတဲ့အကြောင်း ပြောပြထားပါသေးတယ်။
“ကျွန်တော်ကတော့ ရွာ (သက္ကလ)သို့ပြန်ရမှာရှက်လို့ ထွက်လို့ရတဲ့နိုင်ငံ ထွက်မယ်ဆိုတဲ့ သူ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် ထွက်မယ်ဆို တဲ့ ဆုံးဖြတ်ချက်နဲ့ ကိုရီးယားသို့ရောက်ခဲ့ရ တဲ့ သူ
ရွာကနေရန်ကုန်သို့တက်လာတဲ့ ရည်ရွယ်ချက်က အင်္ဂလန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ အဲ့အချိန်က ပတ်စပို့စ် နဲ့ ဗီဇာတောင်ကွဲကွဲပြားပြား မသိသေးတဲ့ တေားသားလေးတစ်ယောက် ဘတ်(စ်)ကားလည်းမစီဘူး သက္ကလက နေခရမ်း မြို့ ထိကို ဆိုင်ကယ်သို့မဟုတ် ဂျစ်ကားစီးပြီးလာ အရင် လာခဲ့ရတယ်။ ခရမ်းကနေ အေဘီစီကျောက်ကွင်းထိလှိုင်းကားစီးပြီးလာရင် ရန်ကုန်ရောက်မယ် ရန်ကုန်အေဘီစီကိုရောက်ရင် တာမွေ ၁၆၅ လမ်းကို တက္ကစီ ဌားစီးလိုက်ရင် ကျွန်တော့်ဘကြီးအိမ်ရောက်မယ် ပြီးရင် လူကြီတွေလုပ်ပေမဲ့ အစီအစဉ် အတိုင်းလိုက်ပါ ဆောင်ရွက်နားထောင်လိုက်ရင်အင်္ဂလန်ရောက်မယ်လို့ထင်ခဲ့ဘူးတဲ့ တောသားလေးပေါ့” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့က သူ့ရဲ့ ဘဝအကြောင်းလေးကို ပြောပြခဲ့ပါတယ်။
Photo : နေမင်း
တကယ်တမ်းတော့ လက်တွေ့ဘဝဟာ သူထင်ထားသလို မဟုတ်ခဲ့ပါဘူးတဲ့။ ဘဝဆိုတာ မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာဆိုပြီး စနောက်ပြောထားပါသေးတယ်။
“တကယ်တော့လက်တွေ့ဘဝဆိုတာ မအေးအေးဝင်စီစဉ်တာမှမဟုတ်တာ အဲ့အချိန်က အမ မအေးအေးဝင်းနဲ့လည်းခင်နေပါပြီလေ ကျွန်တော့်ကို
အင်္ဂလန်ရောက်အောင်အမလည်းမစီစဉ်ပေးနိုင်ခဲ့ဘူးလေ" ဆိုပြီး ရေသားထားပါသေးတယ်။နောက်ရက်တွေမှာလည်း သူရဲ့ အကြောင်းလေးကို ဆက်ပြိး ပြောပြမယ်ဆိုပြီး ပရိသတ်တွေကို ပြောထားပါသေးတယ်။
Photo : နေမင်း
နေမင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုရီးယားနိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုုပ်ခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာခဲ့ဖူးပါတယ်။ သူများတိုင်းပြည်မှာ နေထိုင်ရတာကြောင့် မလုပ်ချင်တဲ့အလုပ်လည်း လုပ်ခဲ့ရတာပါပဲလို့ ဆိုပါတယ်။
‘’တစ်ချိန်က ကိုရီးယား နေ့ညများ ။ ဒီပုံလေးများရဲ့နောက်ကွယ် မှ မပြည့်စုံခြင်းတွေ၊ သောကတွေ ဒုက္ခတွေ စသည်များစွာ ကျွန်တော်တို့မြန်မာ့လူငယ်လေးတွေရဲ့ တကယ့်အရည်အသွေးပြည့် အကောင်းဆုံးအတက်ကြွဆုံးသော စွမ်းအင်တွေ နုပျိုမှုတွေ အကုန်လုံး ကို သူများတိုင်းပြည်တွေ ရဲ့ အခြေခံအကျဆုံး၊ အနိမ့်ဆုံး သူတို့လူမျိုးတွေမလုပ်ချင်သော၊ အလုပ်များကို လုပ်ရ တဲ့ အလုပ်သမားဘဝနဲ့ စတေးခဲ့ရတယ် ဆိုတာတွေကိုပြောပြချင်မိတာ’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo : နေမင်း
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။