ပွဲစဉ်-၈ အပြီးအထိ ဝက်ဖို့ဒ်နည်းပြဆန်းချက်ဇ်တစ်ဦးတည်းသာ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာပါ။

ရာသီသစ်မစတင်မီတွင် ရာထူးမှစောစီးစွာ ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြစာရင်းတွင် ရွိုင်းဟော့ဆန်ပါဝင်နေခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြရွိုင်းဟော့ဆန်ဟာ ရာသီမကုန်ဆုံးမှ အသင်းကနေစောစီးစွာထု တ်ပယ်ခံရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတဲ့ အင်္ဂလန်ဘွတ်ကီတွေရဲ့ ခန့်မှန်းချက်ကို လုံးဝလွဲချော်တဲ့ အထိ ဖြစ်အောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

နည်းပြရွိုင်းဟော့ဆန်အနေနဲ့ အပြောင်းအရွှေ့ကာလအတွင်း အသုံးစရိတ်များစွာမရရှိခဲ့ခြင်း နဲ့အတူအ ရံကစားသမားအင်အားနည်းပါးခဲ့သော်လည်း လက်ရှိအချိန်မှာမူ အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်  ခဲ့တာလည်းဖြစ်ပါတယ်။



ရာသီအစတုန်းက Dailymail ရဲ့ဖော်ပြချက်တွင် ရာသီမကုန်ခင် အစောဆုံးထုတ်ပယ်ခံရနိုင်တဲ့နည်းပြ  စာရင်းကို စစ်တမ်းလုပ်ထုတ်ပြန်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့ ခရစ္စ တယ်ပဲေ  လ့စ်နည်းပြ ရွိုင်းဟော့ဆန်တို့က ၆လေး၁လေးနဲ့ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဝါရင့်နည်းပြရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ပရီးမီး ယားလိ ဂ်ပွဲစဉ် ၈ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၄ပွဲ ရမှတ် ၁၄မှတ်ရရှိပြီး အမှတ်ပေးဇယားအဆင့်-၅ နေရာအထိရယူ ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 နည်းပြရွိုင်းဟော့ဆန်နည်းတူ ချဲလ်ဆီးအသင်းနည်းပြဖရန့်လမ်းပတ်၊ ဘရိုက်န်နည်းပြ ဂရေဟမ်ပေါ် တာတို့မှာလည်း တာဝန်ယူရာအသင်းတွေ အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့အတွက် အင်္ဂလ  န်ဘွတ်ကီတွေရဲ့ ခန့်မှန်းမှုတွေကို လွဲချော်စေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က