ဘယ်လိုတွေတောင် ရိုကြတာလဲ.

ဘေဘီမောင် နဲ့ သားဂန်း တို့ရဲ့ အချစ်ရေးလေးကတော့ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်. ဘေဘီမောင်ကလည်း ချစ်သူလေးကို ကြွေသွားရတဲ့ အကြောင်းကို အခုလို ပြောပြလာပါတယ်.

Photo: Baby Maung

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ အချစ်ရေးသတင်းတွေကတော့ မကြာခင်က ပရိသတ်တွေ သိရှိပြီးခဲ့ပြီးဖြစ်ပါတယ်. ဘေဘီမောင် အနေနဲ့ သားဂန်းကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့ဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်.

'' သူ့ကို ကိုယ့်ရဲ့ အိမ်ထောင်ဘက်အဖြစ်ရွေးချယ်တာကလည်း အရမ်းရိုးသားတယ်လို့. မိသားစုအပေါ်အရမ်းသိတတ်တယ်. အလုပ်လည်း အရမ်းကြိုးစားချင်တဲ့ စိတ်ရှိတယ်.ဘယ်နေရာမဆို ဘေဘီ့အတွက် အရမ်းအားကိုးရတယ်. အားတစ်ခုအရမ်းတိုးတယ်. ပြီးတော့ ဘေဘီ့ မိသားစုကိုလည်း ချစ်တယ်.ဘေဘီ ချစ်တဲ့သူတွေ အားလုံးကို သူလိုက်ချစ်ပေးတယ်. လို့ သူကဆိုပါတယ်.

Photo: Baby Maung

လက်ရှိမှာတော့ ချစ်သူလေး သားဂန်းက ဘေဘီမောင့်ကို အရမ်း ဂရုစိုက်တတ်တဲ့ အကြောင်းတွေ ပြောပြလာပါတယ်. အရမ်းကို ရိုတတ်လွန်းတဲ့ သူတို့ ချစ်သူ နှစ်ဦးကို အားကျ ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ. ဂရုစိုက်တတ်တဲ့ ချစ်သူလေးအတွက် ဘေဘီမောင်တစ်ယောက် ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်.

'' ကိုယ်ကပဲ အမြဲတမ်း သူ့အပေါ်ဆိုးတာပါ. အိမ်မှာလည်း အကြီးဆိုတော့ အလုပ်တွေလုပ်. အရမ်းပင်ပန်းတဲ့အခါကျတော့ ကိုယ့်ချစ်သူကိုပဲ ဆိုးသွမ်းရတာပေါ့နော်.သူ့အပေါ်မှာတော့ ကိုယ်က တော်တော်လေးကိုစိုးတယ်. အလုပ်နဲ့ ပတ်သက်လာရင်လည်း နားလည်ပေးလွန်းလို့ ဘေဘီ သူ့ကို အချစ်ပိုတယ်. ဘေဘီ့ချစ်သူက အဲ့ဒီလို အချက်လေးတွေကြောင့် ဘေဘီ သူ့ကို ချစ်တာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်.

Photo: Baby Maung

အဲ့ဒီနောက် မောင် နဲ့ မ အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံကိုလည်း ဘေဘီမောင်က အခုလို ပြောပြလာပါတယ်. ချစ်သူဖြစ်တဲ့ သားဂန်းဟာ ဘေဘီ့အတွက် အားကိုးရတဲ့ ချစ်သူဖြစ်တယ်လို့ သမီးလေးတို့ရွာ ရုပ်ရှင်အထူးပြသပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်.

'' ဘေဘီက ငယ်ငယ်ကဆိုရင် မောင်လေးတွေကို မကြိုက်ဘူး. ဒါပေမယ့် အသက်အရွယ်အရ မောင်လေးဆိုပေမယ့် ကိုယ့်ရဲ့ ချစ်သူက အဖေတစ်ယောက်လို မျိုး အားကိုးရတယ်ဆိုတော့ မောင်လေး Mood တောင်ပျောက်သွားတယ်. ဒါပေမယ့် ချစ်သူကိုခေါ်တဲ့ နာမ်စားလေးမှာ ဘေဘီက မောင် ပဲခေါ်ချင်တာဆိုတော့ သူ့ကို မောင်လို့ ခေါ်ရတဲ့ Feeling ကိုကြိုက်တယ်. သူကတော့ ကိုယ်က အသက်ကြီးတော့ မ လို့ခေါ်တာပေါ့'' လို့ သူကဆိုပါတယ်

Photo: Baby Maung

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က