အဂတိလိုက်စားမှုနဲ့ ပတ်သတ်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုယ်ပိုင် အဂတိတားဆီးကာကွယ်ရေးအဖွဲ့ဖွဲ့လိုက်တယ်လို့ မတ်လ ၈ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပါဝင်မည့် အဖွဲ့ဝင်စာရင်း(ဆောက်လုပ်ရေးဝန်ကြီးဌာန)
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ကို ဌာနအလိုက်လာဘ်ပေးလာဘ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိလိုက်စားမှုပြသနာတွေကို စိစစ်ဖော်ထုတ်ဖို့၊ တွေ့ရှိလာတဲ့ပြသနာတွေကို ဥပဒေနဲ့ အညီဖြေရှင်းဖို့၊ အဂတိလိုက်စားမှု ဆက်မဖြစ်ပေါ်စေဖို့အတွက် တားမြစ်ထိန်းချုပ်ဖို့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှစ်တို၊နှစ်ရှည်စီမံချက် ရေးဆွဲဖို့ ၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာဖို့၊ အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုနဲ့ ပတ်သတ်ပြီး ဆောင်ရွက်မှုအခြေအနေတွေကို သတင်းထုတ်ပြန်ဖို့ အတွက် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနဲ့ ပါတ်သတ်ပြီးတော့ တိုင်းဒေသကြီးပြည်နယ်၊ ညွှန်ကြားရေးမှုးရုံးတွေကို အဖွဲ့တွေစေလွှတ်ပြီး ဆွေးနွေးပွဲတွေပြုလုပ်တာတွေ၊သင်ကြားပို့ချတာတွေ အသိပညာပေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနရဲ့ သင်တန်းကျောင်းနဲ့ သင်တန်းတွေမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကို ဘာသာရပ် (၁)ခုအနေနဲ့ထည့်သွင်းပြီးတော့ သင်ကြားပေးဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းနဲ့ သဘောသဘာဝချင်း တူညီတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတို့ကို အစီရင်ခံစာတင်ပြဖို့ပါဝင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက်အရာထမ်း(၉)ဦး၊အမှုထမ်း(၅) ဦးတို့နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။