အဲ့ဒါဟာ ဥပဒေနဲ့မညီပါဘူး။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အမည်ခံပြီး ရုံးခန်းဖွင့်လှစ်မှုတွေရှိနေတာကြောင့် ဒါဟာ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကေ်ာမရှင်က သတင်းထုတ်ပြန်ပါတယ်။

Photo - ACC Fb

မြို့နယ်အချို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဆိုပြီးအမည်ခံအဖွဲ့တွေက ရုံးခန်းဖွင့်လှစ်မှုတွေရှိနေတာကြောင့် ဇွန်လ ၂၀ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်တာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ရုံးကို နေပြည်တော်မှာ ဖွင့်ထားပြီး ရုံး ခွဲတွေကိုတော့ရန်ကုန်နဲ့ မန္တလေးမှာသာ လက်ရှိ အချိန်ထိဖွင့်ထားတယ်လို့ ကေ်ာမရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ပြဌာန်းခဲ့ပြီး ကော်မရှင်ကိုလည်း ဥပဒေအရသာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အစိုးရ၊ ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဥပဒေအရ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရုံးခွဲတွေဖွင့်လှစ်ခွင့်နဲ့ ကေ်ာမရှင်ရဲ့လုပ်ပိုင်ခွင့်တွေဟာ ကော်မရှင်တစ်ခုတည်းမှာသာရှိတာဖြစ်တာကြောင့် အဲ့ဒီလို မြို့နယ်တွေမှာဖွဲ့စည်းတဲ့ အဖွဲ့တွေဟာ တရားမဝင်ဘူးလို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က