http://www.accm.gov.mm/complaint/ မှာ တိုင်ကြားနိုင်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အင်တာနက်ကနေတစ်ဆင့် တိုင်ကြားနိုင်ပြီလို့ ကော်မရှင်ရဲ့ Website မှ ဇန်နဝါရီလ ၂၄ ရက်နေ့က တရားဝင်ကြေညာပါတယ်။



Photo - ACC Myanmar

အင်တာနက်အသုံးပြုပြီး အီလက်ထရောနစ်စနစ်ကနေတစ်ဆင့် တိုင်ကြားစာပေးပို့နိုင်ဖို့အတွက် ကော်မရှင်ရဲ့Website (www.accm.gov.mm) မှာ တိုင်ကြားစာပေးပို့ရန်ကဏ္ဍကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင် စမ်းသပ်လွှင့်တင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ http://www.accm.gov.mm/complaint/ ကနေတစ်ဆင့် ကော်မရှင်ကို တိုက်ရိုက်တိုင်ကြားနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် မည်သူမဆို ခိုင်လုံတဲ့အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို နစ်နာစေရန်ရည်ရွယ်ပြီး မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်းတွေပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တိုင်ကြားသူအနေနဲ့ တိုင်ကြားစာမှာ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဂတိလိုက်စားမှု မည်သို့ ဖြစ်ပွားခဲ့ကြောင်း၊ မည်သူပါဝင်ခဲ့ကြောင်း စတဲ့ အချက်အလက်တွေအပြင် မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှုဟု ယူဆသည်ဆိုတာကိုပါ ထည့်သွင်းရေးပေးရမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က