ရော်နယ်ဒိုနဲ့အတူရိုက်ထားတဲ့ပုံကို profile မှာ တင်ခဲ့တာပါ။

အသင်းဖော်တိုက်စစ်မှူးရော်နယ်ဒိုကို ထာ၀ရအကောင်းဆုံးကစားသမားလို့ အင်စတာဂရမ်မှာ ရေးသားပြောဆိုခဲ့လို့ အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူးအဂူရိုနဲ့ ပရိသတ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့နောက် ယူနိုက်တက်ကြယ်ပွင့်ဂါနာချိုဟာ အင်စတာဂရမ်ရဲ့ profile မှာ သူနဲ့ ရော်နယ်ဒို တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုတောင် တင်လိုက်ပြီဖြစ်ပါတယ်။

နော်ဝှစ်ချ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူခဲ့ပြီး အဆိုပါပွဲက ဘောလုံးကို အမှတ်တရအဖြစ်နဲ့ ယူဆောင်လာခဲ့ရာမှာ ဂါနာချိုက ထပ်မံတောင်းဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း အသင်းရဲ့ လူငယ်သမားလေးကို ရှောရှောရှူရှူနဲ့ ပေးအပ်ခဲ့ပြီးနောက် ဂါနာချိုက GOAT လို့ ရေးသားပြောဆိုခဲ့တာပါ။ 

ဒီလိုပြောဆိုခဲ့တဲ့ ပို့စ်အောက်မှာ အဂူရိုက "မင်း မက်ဆီနဲ့ တွဲမကစားရသေးလို့ပါကွာ" ဆိုပြီး မှတ်ချက်ဝင်ပြုခဲ့သလို အာဂျင်တီးနားပရိသတ်တွေကလည်း မက်ဆီကိုကျော်ပြီး ရော်နယ်ဒိုကို ဒီလိုပြောရကောင်းလားဆိုကာ ဂါနာချိုကို ဝိုင်းပြီးတော့ အပြစ်တင်ခဲ့ကြပါတယ်။ ဒီနောက်မှာ ဂါနာချိုက အဂူရိုရဲ့ မှတ်ချက်ရေးသားထားတာကို ဖျက်ပစ်တဲ့အထိ လုပ်ခဲ့ပါတယ်။ 

အခုတခါမှာတော့ ရော်နယ်ဒိုနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုပါ တင်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ အဂူရိုနဲ့ အာဂျင်တီးနားပရိသတ်တွေ ဘယ်လောက်ပြောပြော သူ ယုံကြည်ရာကိုလုပ်မယ်လို့ ဂါနာချိုက အသိပေးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဂါနာချိုရဲ့ အပြင်းထန်ဆုံးတုံ့ပြန်မှုတခုလည်းဖြစ်ပြီး အဂူရိုနဲ့ အာဂျင်တီးနားပရိသတ်တွေ ပိုပြီးဒေါသထွက်စရာဖြစ်လာတော့မှာပါ။ 

Share

Loading Next Article...
က္က