ဖိုဒန်ရဲ့ ပန်းချီကားက ဘာကလေပုံထွက်နေတာပါ။

မန်စီးတီးကွင်းလယ်လူ ဖိုဒန်ရဲ့ ပုံတူပန်းချီကို သူ့ရဲ့မွေးရပ်မြေ စတော့ပို့တ်မှာ ရေးဆွဲပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းပုံထွက်က ဖိုဒန်နဲ့မတူဘဲ ချဲလ်ဆီးကွင်းလယ်လူ ဘာကလေနဲ့သာ တူနေတယ်လို့ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။



ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး PFA တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိထားပါတယ်။ ဖိုဒန်ဟာ မန်စီးတီးအသင်းကြီးရဲ့ ကွင်းလယ်အတွက် အမာခံကစားသမားလည်းဖြစ်ပြီး ကာတာကမ္ဘာ့ဖလားဝင် အင်္ဂလန်လက်ရွေးစင်မှာလည်း သေချာပေါက် ပါဝင်ခွင့်ရဖို့ရှိနေပါတယ်။

ဒီလိုမျိုး အသက် (၂၂) နှစ်အရွယ် ဖိုဒန်ရဲ့ အရွယ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် မွေးရပ်မြေကလည်း အခုလိုပဲ နံရံပေါ်မှာ ပုံတူပန်းချီရေးဆွဲပြီး ဂုဏ်ပြုခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီပန်းချီကားက ဖိုဒန်နဲ့မတူဘဲ ဘာကလေနဲ့တူနေတယ်လို့ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ တကယ်တမ်းမှာလည်း စစချင်း အမှတ်တမဲ့ကြည့်လိုက်တဲ့အခါမှာ ဒီပန်းချီကားက ဖိုဒန်ထက် ဘာကလေနဲ့ ပိုမိုတူနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါ။



ပရိသတ်တွေကတော့ “သူ့ရဲ့မျက်ခုံးမွှေးကိုကြည့်လိုက်ပါ။ ဒါဘာကလေပဲ” “ဒီပုံက ဝရမ်းထုတ်ဖို့ ဆွဲထားတဲ့ပုံလား?” “ပန်းချီဆွဲမယ်ဆိုရင်လည်း အနည်းဆုံးတော့ မှန်မှန်ကန်ကန် ဆွဲဖို့ လိုအပ်ပါတယ်” “ဒီပုံက GCSE က အနုပညာပရောဂျက်ပုံပါ” လို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။

မန်စီးတီးရဲ့ အီတိဟတ်ကွင်းရှေ့မှာလည်း အဂွေရိုရုပ်တုကို ဖွင့်လှစ်ခဲ့တုန်းက အဆိုပါရုပ်တုကို တိုနီကရူးစ်၊ ဒေးဗစ်ဗီလာတို့နဲ့တူတယ်လို့ ပရိသတ်တွေက နောက်ပြောင်ခဲ့ဖူးပါတယ်။ တိုနီကရူးစ်ကိုယ်တိုင်ကလည်း သူ့ရဲ့တွစ်တာကတဆင့် “တကယ်ပဲ ကျနော်နဲ့တူတာလား” ဆိုပြီး အဂွေရိုရဲ့ရုပ်တုကို နောက်ပြောင်ခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က