ဆိုးလ်ရှားလက်ထက်မှာလည်း ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် မက်တော်မီနေးက ရပ်တည်နိုင်ခဲ့ကာ ပရိသတ်အကြိုက်တွေ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ အဓိကကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရရှိနေတဲ့ ကွင်းလယ်လူမက်တော်မီနေးက အငှားထွက်ကစားရမှာကို မနှစ်သက်တဲ့အတွက် အသင်းကြီးမှာကစားခွင့်ရဖို့ ထိုက်တန်ကြောင်း သက်သေပြခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။ မက်တော်မီနေးကတော့ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူလည်းဖြစ်ပါတယ်။
နည်းပြမော်ရင်ဟိုလက်ထက်မှာ စတင်ကစားခွင့်ရရှိခဲ့ပြီးနောက် မက်တော်မီနေးရဲ့ ခြေစွမ်းက ပိုမိုတိုးတက်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း မော်ရင်ဟိုက နေရာပေးခဲ့သလို ဆိုးလ်ရှားလက်ထက်မှာလည်း ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် မက်တော်မီနေးက ရပ်တည်နိုင်ခဲ့ကာ ပရိသတ်အကြိုက်တွေ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
"ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်က အကြောင်းတွေပြောရမယ်ဆိုရင် အဲဒိတုန်းက အငှားထွက်ကစားရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်နေခဲ့ပါတယ်၊ တစ်ယောက်ယောက်အသင်းကနေ ထွက်သွားရတာမျိုး၊ အဲဒီလိုဖြစ်သွားနိုင်တာမျိုးတွေရှိခဲ့တာပါ၊ အဲဒီလိုဖြစ်လာခဲ့ရင်တော့ ခင်ဗျားအတွက် အခွင့်အလမ်းရှိလာမှာဖြစ်ပြီး အဲဒါကို အမိအရဆုပ်ကိုင်နိုင်ရမှာပါ"
"လူငယ်ကစားသမားတွေ အငှားနဲ့ထွက်ခွာရတဲ့ဇာတ်လမ်းတွေအများကြီးကို ကြားဖူးပါတယ်၊ ကျွန်တော့်ခေါင်းထဲမှာတော့ ဘယ်တုန်းကမှ အဲဒီလိုအငှားထွက်ကစားချင်တာမျိုးမရှိခဲ့ပါဘူး၊ ဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော်သက်သေပြချင်နေခဲ့ပါတယ်၊ တကယ်လို့မှ အဲဒါက အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တော့ တစ်နေရာရာကို သွားရမှာပေါ့၊ ယူနိုက်တက်မှာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်တာတွေကို ခင်ဗျားတို့ကြားဖူးမှာပါ"
"လူတွေက ဒီလိုပဲမျှော်လင့်ထားကြပြီးတော့ ခင်ဗျားဘယ်ကလာသလဲဆုတာကို အမြဲတမ်းအမှတ်ရနေကြမှာပါ၊ ခင်ဗျားအတွက်လုပ်ပေးတာတွေကို အမြဲတမ်းတန်ဖိုးထားရမှာပါ၊ ဒါက ကျွန်တော်တို့အတွက် ယူဆောင်လာပေးတဲ့ ယဉ်ကျေးမှုတစ်ခုလို့ပဲ ကျွန်တော်ကတော့ ခံစားရပါတယ်" လို့ မက်တော်မီနေးက UTD Podcast နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။