လမ်းဘေးမှာဖွင့်ရောင်းတဲ့ street foodဆိုင်ဖြစ်ပေမယ့် နွားနို့ကိုအဓိကထား သန့်ရှင်းသပ်ရပ်စွာရောင်းချပေးတဲ့ ဆိုင်လေးဖြစ်ပါတယ်။

ဆိုင်ဖွင့်တာလပိုင်းလေးနဲ့ စားသုံးသူတွေရဲ့ လက်ခံအားပေးမှုကိုအခိုင်အမာရှိတဲ့ street foodဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



street food မှသည် health food

စမ်းချောင်းမြို့နယ် ဗဟိုလမ်းဘေးမှာဖွင့်ထားတဲ့ Moo Milk Bar ဆိုတဲ့ Street Food ဆိုင်လေးက နွားနို့ကိုအဓိကထားရောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ ကျန်းမာရေးကိုအထာက်အကူပြုတဲ့အဟာရပြည့်အစားအစာတွေကို ရောင်းချချင်တဲ့စိတ်ကူးကနေ ဒီဆိုင်လေးဖြစ်လာတာပါ။လမ်းဘေးမှာဖွင့်ရောင်းတဲ့ street foodဆိုင်ဖြစ်ပေမယ့် သန့်ရှင်းသပ်ရပ်စွာရောင်းချပေးတဲ့ ဒီဆိုင်လေးကိုစားသုံးသူတွေကနှစ်သက်ကြပါတယ်။

"ကျွန်တော်က freelance gym trainer လုပ်တယ်။ကျွန်တော်gymကပြန်တဲ့အခါတိုင်း ကျန်းမာရေးနဲ့ညီတဲ့တစ်ခုခုစားဖို့စဉ်းစားရင်း ဒီလိုဆိုင်လေးဖွင့်ဖို့စိတ်ကူးရခဲ့တာ။ နွားနို့ဆိုင်ဆို‌ပေမယ့် လူကြီးလူငယ်မရွေးပေါ့ပေါ့ပါးပါးနဲ့ထိုင်လို့၊စကားပြောလို့ကောင်းတဲ့ နေရာလေးဖြစ်အောင်ပြင်ဆင်ထားတာပါ။အဓိကကတော့ bar လည်းထိုင်ချင်တယ် ကျန်းမာရေးနဲ့လည်းညီချင်တယ်ဆို ကျွန်တော့်ဆိုင်လေးကိုလာခဲ့ပါ"လို ဆိုင်ရှင် ကိုရှိုင်းဝှိုက်စံ ကပြောပါတယ်။

၂လအတွင်း ရောင်းအား၄ဆတက်

ဆိုင်လေးက ဖွင့်စထဲကစားသုံးသူတွေရဲ့စိတ်ဝင်စားမှုကိုအပြည့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။စားသုံးသူတွေရဲ့ လက်ဆင့်ကမ်းညွှန်းဆိုမှုကနေ လပိုင်းအတွင်းကိုပဲ ရောင်းအားက ၄ဆလောက်တက်လာပါတယ်။

''ဘာလို့ကျွန်တော့ဆိုင်မှာ လူတွေအဲ့လောက်များလာလည်းဆိုတာ ကျွန်တော်လည်းသိပ်မသိဘူး။အခုလို စားသုံးသူကလက်ခံတော့ပျော်တာပေါ့။စဖွင့်စက တစ်ရက်ကို နို့၄ပိဿာလောက်ပဲကုန်တာကနေ အခုဆို တစ်ရက်ကို နို့၂၅ပိဿာထိကုန်တယ်။တစ်ချို့ရက်တွေဆို ဆိုင်ဖွင့်ပြီး တစ်နာရီကျော်လောက်နဲ့ ရောင်းကုန်သွားလို့ စားသုံးသူတွေကို အားနာရဣတယ်"လို့ ကိုရှိုင်းဝှိုက်စံကပြောပါတယ်။

စားသုံးသူတွေကိုဆွဲဆောင်နိုင်တဲ့ ဆိုင်အပြင်အဆင်

စားသုံးသူတွေကို ဒီလိုဆွဲဆောင်နိုင်တာက ဆိုင်ရဲ့အပြင်အဆင်ကြောင့်လို့လည်းဆိုနိုင်ပါတယ်။ဆိုင်မှာသုံးတဲ့ ထိုင်ခုံလေးတွေက အချိန်ကြာကြာ ထိုင်ရင်တောင် ညောင်းညာတဲ့ခံစားချက်မျိုးမဖြစ်ပဲ သက်တောင့်သက်သာရှိစေပါတယ်။စားပွဲတိုင်းမှာမီးအိမ်လေးတွေ ထွန်းထားတာကလည်း စိတ်ကြည်နှူးစေတဲ့ရသကိုရစေပါတယ်။ 

ဆိုင်ရဲ့အရောင်းရဆုံးနို့အဟာရ

ဒီဆိုင်လေးကို ရောက်ရင်တော့ အများဆုံးစားကြတာကနို့အဟာရပါ။နို့အဟာရတစ်ပွဲမှာဆိုရင်တော့ နွားနို့၊ကြက်ဥ၊ပေါင်မုန့်၊ငှက်ပျောသီးတို့ပါဝင်ပါတယ်။Moo Milk Bar ရဲ့နို့အဟာရမှာ ထူးခြားချက်တစ်ခုက နွားနို့ကိုမလိုင်ကျအောင်ကြိုထားတဲ့ နို့မလိုင်အနှစ်လေးကို ပေါင်မုန့်ပေါ်မှာသုပ်ပေးတာဖြစ်ပါတယ်။ဒါ့အပြင်ငှက်ပျောသီးကိုလည်း သဘာဝအတိုင်းမှည့်တဲ့အသီးကိုသာရွေးချယ်ဝယ်ယူသုံးစွဲတာဖြစ်ပါတယ်။

ဆိုင်နာမည်လေးရဲ့အဓိပ္ပါယ်

အဟာရပြည့်ဝတဲ့ နို့ကိုထုတ်ပေးတဲ့ နွားရဲ့‌ေအာ်သံ 'Moo'ကို အစွဲပြုပြီး ဆိုင်နာမည်အဖြစ်ရွေးချယ်ခဲ့တာလို့ ဆိုင်ရှင်ကပြောပါတယ်။

"ကျွန်တော်ရောင်းမှာကနွားနို့ဆိုတော့ နွားအော်သံလေးကို သဘောကျပြီးပေးဖြစ်တာပါ။အဓိကကနွားအော်သံလေးက ချစ်စရာကောင်းတယ်လို့ခံစားရပြီး ကျွန်တော်ဆိုင်လေးနဲ့လည်းလိုက်ဖက်လို့ပါ"လို့ သူကရှင်းပြပါတယ်။

ဆိုင်မှာရတာတွေနဲ့ဈေးနှုန်း

ဒီဆိုင်မှာတော့ နွားနို့နဲ့ပတ်သက်ရင် နွားနို့အပူ၊နွားနို့အအေး၊ပေါင်မုန့်နို့စမ်း၊နို့ကြက်ဥ၊အာဟာရ၊ကြက်ဥအကာကြက်တို့ရပြီး ဈေးနှုန်းတွေက (၂၅၀၀)ကျပ်ကနေ(၄၀၀၀)ကျပ်အတွင်းဖြစ်ပါတယ်။ကော်ဖီ၊အအေးနဲ့ပတ်သက်တဲ့ဖျော်ရည်ဆန်းဆန်းလေးတွေလည်းရပါတယ်။

ဆိုင်နေရာ

Moo Milk Bar ရဲ့ဆိုင်လိပ်စာလေးက မဟာနဝင်းစတီအ‌ေရှ့၊ဗဟိုလမ်းမ၊စမ်းချောင်းမြို့နယ်မှာဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ညနေ၄နာရီကနေ ည၉နာရီထိဖြစ်ပါတယ်။ညနေခင်းတွေမှာ အဟာရပြည့်ဝတဲ့ စားစရာကို Bar Vibe‌ေလးနဲ့စားသုံးနိုင်တဲ့ ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က