ဂျော်ဂျင်ဟိုနဲ့ချဲလ်ဆီးအသင်းကြား စာချုပ်သက်တမ်း ၃နှစ်ကျန်ရှိနေသေးပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားအများစုကို အပြောင်းအလဲပြုလုပ်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

နည်းပြသစ်လမ်းပတ်နဲ့အကြား အဆင်မပြေမှုအချို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တဲ့ ကွင်း လယ်ကစားသမား ဂျော်ဂျင်ဟိုအနေနဲ့ဆရာဟောင်းရှိရာ ဂျူဗင်တပ်အသင်းဆီသို့ ပြောင်းရွှေ့ကစားဖို့ ရှိနေတယ်လို့ thesportreview.com က အခိုင်အမာဖော်ပြလာပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ချဲလ်ဆီးအသင်းဘက်က တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးပေမယ့် ကာကယံရှင်ဖြစ်သူကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ အတည်ပြုမှုအချို့ပြုလုပ်သွားခဲ့ပြီး လာမ ယ့်နွေရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ အသင်းကိုသေချာပေါက်စွန့်ခွာတော့မှာဖြစ်တ ယ်လို့ အသိပေးလိုက်တာပါ။



“ အပြောင်းအရွှေ့စျေးကွက်မှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်အသင်းဆီကိုရောက်မသွား ဘူးလို့လည်း ပြောလို့မရပါဘူး။ ကစားသမားကတော့ ဆရာဟောင်းဖြစ်သူနဲ့ပြန်ပြီးလက်တွဲလိုနေတာ တော့အမှန်ပါ ” လို့ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်က metro.com ကို အတည်ပြုပေးခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ရာထူးကို လက်ခံရယူထားတဲ့ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က နာပိုလီအသင်းဆီကနေ ၅နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာစာချုပ်သ က်တမ်း ၃နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကလည်း လာမယ့်အပြောင်းအရွှေ့စျေးကွက်ကာလတွင် ကွင်းလယ်ကစားသမား အချို့ကို ထွက်ခွာခွင့်ပေးဖို့ရှိနေတဲ့အတွက် နည်းပြဆာရီကိုယ်တိုင်က တပည့်ဟောင်းဖြစ်သူဂျော်ဂျင် ဟို ခေါ်ယူလိုနေတယ်လို့လည်း football italia က အရိပ်အမြွတ်ဖော်ပြမှုအချို့ပြုလုပ်ထားခဲ့ပါတယ်။

Share

က္က