လူငယ်အသင်းသကနေ အသင်းကြီးအထိ တက်ရောက်နိုင်ခဲ့ပြီး ၁၆၆ ပွဲအထိ ပါဝင်ကစားပေးခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ တနင်္ဂနွေနေ့ညက ရှက်ဖီးယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းဟောင်းရှက်ဖီးပရိသတ်တွေရဲ့ ကြိိုဆိုမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တစ်ရာသီလုံး ကံကောင်းပါစေလို့ ၎င်းရဲ့တွစ်တာအကောင့်ကနေ ဆုတောင်းပေးခဲ့ပါတယ်။

ရှက်ဖီးဇာတိဖွားဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ရှက်ဖီးယူနိုက်တက်လူငယ်အသင်းကနေတဆင့် ပထမအသင်းကြီးအထိ တက်လှမ်းနိုင်ခဲဲ့ပြီး ယနေ့မှာ ကမ္ဘာ့ထိပ်တန်းနောက်ခံကစားသမားတွေထဲကတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ ၂၀၁၁ ခုနှစ်မှာ ရှက်ဖီးယူနိုက်တက်ပထမအသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဟားလ်စီးတီးအသင်းကို မပြောင်းရွှေ့မီအထိ ၁၆၆ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေက ဟယ်ရီမက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ပါဝင်ကစားပေးဖို့ ၎င်းရဲ့ နေရာဟောင်းကို ပြန်လည်ခြေချခဲ့ရတာဖြစ်ပြီး ယနေ့နံနက် လူမှုကွန်ရက်မှာ အသင်းဟောင်းအတွက် ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

“တစ်ရာသီလုံးအတွက် ကံကောင်းပါစေ ရှက်ဖီးယူနိုက်တက်။ ကြိုဆိုမှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့ တွစ်တာပို့စ်အောက်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်အများစုက အသင်းဟောင်းကို ဆုတောင်းပေးတာကို မပျော်မရွှင်ဖြစ်နေကြောင်းနဲ့ ရှက်ဖီးနဲ့ပွဲစဉ်က ခြေစွမ်းကို မကျေမနပ်ဖြစ်နေကြောင်းကို လာရောက်မှတ်ချက်ပေးခဲ့ကြပါတယ်။

“သူတို့ကို မင်း ဂိုးတစ်ဂိုး လက်ဆောင်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ပွဲတွေကတည်းက မင်းရဲ့စွမ်းဆောင်ရည်က သာမန်ထက် နိမ့်ကျနေတယ်။ နောက်ပွဲတွေမှာ ခြေစွမ်းပြန်တက်လာအောင်လုပ်တာ ပိုကောင်းလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ဝင်ရောက််ရေးသားခဲ့ပါတယ်။

“တစ်ရာသီလုံး ကံကောင်းပါစေဆိုတော့ ငါတို့က ဒီရာသီမှာ နောက်ထပ်တစ်ပွဲ ထပ်တွေ့ရဦးမယ်လေ။ အဲဒီတော့ ဒီလို စာမျိုးတင်ဖို့က နည်းနည်းစောလွန်းမနေဘူးလား”လို့ အခြားပရိသတ်တစ်ဦးက မှတ်ချက််ပေးသွားခဲ့ပါတယ်။

Share

က္က