ရာသီကုန်မှာ မန်စီးတီးက ထွက်ခွာဖို့ အတည်ပြုထားသူပါ။

ဆေးလ်ဗားကတော့ မန်စီးတီးအသင်းမှာ ဂန္ထဝင်ကစားသမားတစ်ဦးလို့ သတ်မှတ်ခံရတဲ့အထိ ခြေစွမ်းပြကစားခဲ့ပြီး ရာသီကုန်မှာ အသင်းကထွက်ခွာမယ်လို့ တရားဝင်ကြေညာထားသူလည်းဖြစ်ပါတယ်။ 


ရာသီကုန်မှာ မန်စီးတီးကထွက်ခွာတော့မယ့် ကွင်းလယ်လူဒေးဗစ်ဆေးလ်ဗားဟာ အသင်းဟောင်းဗလန်စီယာမှာ ပြန်လည်ကစားဖို့အတွက် ဆွေးနွေးနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဆွေးနွေးမှုတွေက ကြန့်ကြာနေပြီး စိတ်ရှုပ်စရာဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်ဖန်တီးရှင်ဟာ မန်စီးတီးမှာ ၁၀ နှစ်ကျော်ကြာကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်ထွက်ခွာနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် COVID-19 ရဲ့ သက်ရောက်မှုတွေကြောင့် ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားတွေရဲ့ ဆွေးနွေးမှုတွေဟာ အဟန့်အတားဖြစ်နေပါတယ်။

ဖီဖာကတော့ ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားတွေကို ရာသီမကုန်ခင်အထိ စာချုပ်သက်တမ်းမြှင့်တင်သွားဖို့ အကြံပြုခဲ့ပါတယ်။ ဆေးလ်ဗားကတော့ မန်စီးတီးအသင်းမှာ ဂန္ထဝင်ကစားသမားတစ်ဦးလို့ သတ်မှတ်ခံရတဲ့အထိ ခြေစွမ်းပြကစားခဲ့ပြီး ရာသီကုန်မှာ အသင်းကထွက်ခွာမယ်လို့ တရားဝင်ကြေညာထားသူလည်းဖြစ်ပါတယ်။ 

ဆေးလ်ဗားကို ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ မူလကတော့ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲဖြစ်တဲ့ နော်ဝှစ်ချ်နဲ့ပွဲကို ဆေးလ်ဗားရဲ့ အမှတ်တရပွဲအဖြစ် ကစားဖို့စီစဉ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ဘောလုံးရာသီကို စတင်ဖို့တောင် မသေမချာဖြစ်နေလို့ အခက်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ဗလန်စီယာအတွက် လေးရာသီကြာကစားပေးခဲ့သူစြဖ်ပြီး စုစုပေါင်း ၁၆၈ ပွဲကစားခဲ့ကာ ၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးအတွက်တော့ ၁၀ ရာသီအတွင်းမှာ ၄၂၃ ပွဲကစားပေးခဲ့ပြိး ၇၃ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုအများအပြား ပြုလုပ်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄လုံး၊ အက်ဖ်အေဖလား ၂လုံး၊ လိဂ်ဖလား ၅လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က