စပါးအတွက် ၆ ရာသီကြာ ကစားပေးခဲ့သူပါ။

ကလပ်အသင်းနှစ်သင်းကြားမှာ ညှိနှိုင်းမှုတွေစတင်နေပြီဖြစ်ကာ ဘေးလ်အနေနဲ့ အသင်းဟောင်းရှိရာကို မကြာခင်မှာ ပြန်လည်လာရောက်နိုင်တော့မယ်လို့လည်း ယူဆရပါတယ်။ 


ဂါရတ်ဘေးလ်အတွက် ရီးရဲလ်မက်ဒရစ် နဲ့ စပါးတို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ဘေးလ်ရဲ့အေးဂျင့်ဂျိုနသန်ဘားနတ်က အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ကလပ်အသင်းနှစ်သင်းကြားမှာ ညှိနှိုင်းမှုတွေစတင်နေပြီဖြစ်ကာ ဘေးလ်အနေနဲ့ အသင်းဟောင်းရှိရာကို မကြာခင်မှာ ပြန်လည်လာရောက်နိုင်တော့မယ်လို့လည်း ယူဆရပါတယ်။ 

ဘာနေဗျူးမှာ အဆင်မပြေဖြစ်နေတဲ့ ဘေးလ်ကို ရောင်းထုတ်သွားဖို့ ရီးရဲလ်က စီစဉ်နေခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာ စပါးအသင်းကသာ ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး အခုအခါမှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေခဲ့တာလို့ Goal.com က ဖော်ပြခဲ့ပါတယ်။

"ဂါရတ်က စပါးကို ချစ်မြတ်နိုးနေဆဲပါ၊ ကျွန်တေ်ာတို့ ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပါတယ်၊ ဒါက ဘေးလ်သွားချင်နေတဲ့ နေရာတစ်ခုပါပဲ" လို့ ဂျိုးနသန်ဘားနတ်က BBC Sport ကို အတည်ပြုပြောဆိုခဲ့တာပါ။ ဘေးလ်ဟာ စပါးအသင်းနဲ့အတူ ထင်ပေါ်ကျော်ကြားခဲ့သူဖြစ်ကာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို တပြိုင်တည်းဆွတ်ခူးနိုင်ခဲ့သူအဖြစ် စီရော်နယ်ဒိုပြီးနောက် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဘေးလ်ဟာ စပါးကို ပြောင်းရွှေ့ခဲ့မယ်ဆိုပါက နည်းပြဟောင်းမော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲရမှာလည်းဖြစ်ပါတယ်။ 

ဘေးလ်ဟာ စပါးအတွက် ၆ ရာသီကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၂၀၃ ပွဲမှာ ၅၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မှာတော့ ၇ ရာသီကစားပေးပြီးဖြစ်တဲ့ ပြိုင်ပွဲစုံ ၂၅၁ ပွဲမှာ ၁၀၅ ဂိုးအထိရရှိထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က