အရှေ့တောင်အာရှဒေသအတွင်းမှာ PUBG Mobile ရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ PMPL (PUBG Mobile Pro League) ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Yangon Galacticos မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

    အရှေ့တောင်အာရှဒေသအတွင်းမှာ PUBG Mobile ရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ PMPL (PUBG Mobile Pro League) ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Yangon Galacticos မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


         ၂၀၂၀ ခုနှစ် မတ်လမှာကျင်းပခဲ့တဲ့ PUBG Mobile Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲကြီးမှာ အသင်းပေါင်း ၁၂၀ ထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထိပ်ဆုံးလေးသင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ My GALAXY, Yangon Galacticos, DEUS Esports နဲ့ Team SCOTT တို့ဟာ အရင်ဆုံး PMCO SEA Wildcard Final အဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။



         PMCO SEA Wildcard Final ပွဲဟာ ပြည်တွင်းကိုယ်ပိုင် PUBG Mobile တရားဝင်လိဂ်မရှိသေးတဲ့ နိုင်ငံများမှ အသင်းတွေကို အွန်လိုင်းမှာ အချင်းချင်းယှဉ်ပြိုင်စေပြီး ထိပ်ဆုံးသုံးသင်းကို Wildcard အဖြစ် PMPL ပွဲကို တက်ရောက်ခွင့်ပေးတဲ့ ကြားအဆင့်တစ်ခုပါ။


         ဧပြီလဆန်းမှာ မြန်မာအသင်း ၄ သင်းနဲ့ လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့မှ အသင်း ၁၂ သင်း၊ အားလုံးပေါင်း ၁၆ သင်းတို့ဟာ PMCO Wildcard ပွဲကို ဆော့ကစားခဲ့ကြပြီးနောက် မြန်မာအသင်း Yangon Galacticos အဖွဲ့ဟာ အဆင့် ၃ နေရာမှာရပ်တည်နိုင်ခဲ့တာကြောင့် ဖိလစ်ပိုင်မှ Blacklist International, ကမ္ဘောဒီးယားမှ Orange CG တို့နဲ့အတူ PMPL SEA Finals ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်အောင်မြင်သွားခဲ့တာပါ။


         PMPL SEA Finals ပွဲဟာ ယခင်က Offline ပြိုင်ပွဲအဖြစ် ခမ်းခမ်းနားနားကျင်းပဖို့ဖြစ်ပေမယ့် COVID-19 ကြောင့် အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ရပြီး Season 1 ကို လာမယ့် မေလ ၁ - ၃ ရက်နေ့မှာကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲကိုတော့ PUBG Mobile (MM) တရားဝင် Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။


         Yangon Galacticos အသင်းတည်ထောင်သူနဲ့ နည်းပြဖြစ်တဲ့ Bling X က “ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး Training တွေလုပ်ခဲ့တယ်။ ပွဲတွေလည်း အကောင်းဆုံးဆော့ကစားခဲ့ပါတယ်။ ခုလိုမျိုး SEA Wildcard Finals ကနေ SEA Finals ထိပါ တက်သွားမယ်လို့ ဘယ်လိုမှမမျှော်လင့်ခဲ့ပါဘူး။

မြန်မာအသင်းတစ်သင်းအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် နောက်တစ်ဆင့်တက်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ပေမယ့် တကယ်တမ်း SEA Finals ကိုပြိုင်ခွင့်ရခဲ့တာဟာ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ အရှေ့တောင်အာရှမှာ မြန်မာအသင်းတစ်သင်းအနေနဲ့ PMPL SEA Finals မှာ ပထမဆုံးပါဝင်ခွင့်ရတာဆိုတော့ ဂုဏ်ယူမိသလို ဆက်လက်ပြီးတော့ YG ကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။


ဆုကြေးငွေစုစုပေါင်း ဒေါ်လာတစ်သိန်းခွဲပေးအပ်မယ့်အပြင် နိုင်ငံတကာ Esports စင်မြင့်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်မယ့် အခွင့်အရေးကြောင့် PMPL SEA Finals ပွဲကိုတက်ရောက်သွားတဲ့ YG အသင်းကို ဆက်လက်ရင်ခုန်အားပေးကြရဦးမှာ အမှန်ပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က