ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်း၊ ရေလမ်းကြောင်း ခရီးသွားလာမှုတွေကို ယာယီ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် အရှေ့တောင်အာရှဒေသမှာ သေဆုံးမှုအများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက ယနေ့ (ဧပြီ ၂၄ ရက်) မှစပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်း၊ ရေလမ်းကြောင်း ခရီးသွားလာမှုတွေကို ယာယီ တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

နောက်ထပ် COVID-19 ကူးစက်မှုတွေကို ကာကွယ်ရန် ထိုသို့ တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဧပြီ ၂၃ ရက်နေ့မှာ ပြောပါတယ်။ လေကြောင်းမှတစ်ဆင့် ခရီးသွားလာမှုတွေကို ဇွန်လ ၁ ရက်နေ့အထိနဲ့ ရေလမ်းကြောင်း ခရီးသွားသွားလာမှုကို ဇွန်လ ၈ ရက်နေ့အထိ တားမြစ်ပိတ်ပင်ထားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် AGus Purnomo က ဆိုပါတယ်။



ကုန်စည်ပို့ဆောင်ရေးအတွက် သွားလာမှုများ၊ အင်ဒိုနီးရှားနိုင်ငံသားတွေကို နိုင်ငံတွင်းသို့ပြန်လည်ခေါ်ဆောင်မှုနဲ့ နိုင်ငံခြားသားတွေကို ၎င်းတို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်တဲ့ လေကြောင်းခရီးစဥ်တွေကိုတော့ တားမြစ်ပိတ်ပင်ရာမှာ ချွင်းချက်ပေးထားပါတယ်။ ထို့အတူ အစိုးရဝန်ထမ်းများ၊ သံတမန်ဆိုင်ရာ ဝန်ထမ်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်များ ခရီးသွားလာမှုတွေကို ဆက်လက် ခွင့်ပြုပေးထားမှာ ဖြစ်ပါတယ်။

(Photo: Reuters)

လေကြောင်းခရီးစဥ်များ တားမြစ်ပိတ်ပင်ရာမှာ နိုင်ငံရဲ့အကြီးဆုံး လေကြောင်းလိုင်းတွေဖြစ်တဲ့ အစိုးရပိုင်Garuda Indonesia နဲ့ စရိတ်နည်းလေကြောင်းလိုင်း Lion Air တို့ ပါဝင်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ရာမဒန်ဥပုသ်ကာလအပြီး မွတ်စလင်မ်အားလပ်ရက်မှာ အစုအပြုံလိုက် ခရီးသွားလာမှု၊ စုဝေးမှုတွေကိုလည်း တားမြစ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း နောက်ထပ် သီတင်းလေးပတ်ကြာ တိုးချဲ့လိုက်ပြီး မေလ ၂၂ ရက်နေ့အထိ သတ်မှတ်ထားကြောင်း တယ်။

(Photo: Reuters)

ကမ္ဘာ့မွတ်စလင်မ်လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သန်းနဲ့ချီတဲ့ လူတွေကို ခရီးသွားလာခွင့်ပြုခြင်းက COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျင်မြန်စေနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ယနေ့ (ဧပြီ ၂၄ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၇၇၅ ဦး တွေ့ရှိခဲ့ပြီး ၆၄၇ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာ ၉၆၀ ဦးဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က