အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရသူ ၅၄,၀၀၀ ကျော်ရှိလာပြီး သေဆုံးသူဦးရေ ၁,၈၀၀ ကျော်လွန်လာခဲ့ကြောင်း မေ ၇ ရက် ညပိုင်း တရားဝင် စာရင်းတွေအရ သိရှိရပါတယ်။
အရှေ့တောင်အာရှဒေသမှာ COVID-19 ကူးစက်မှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲဖြစ်ပြီး စင်ကာပူဟာ ကူးစက်မှုအများဆုံး တွေ့ရှိထားတဲ့ နိုင်ငံဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ စင်ကာပူမှာ ကူးစက်ခံရသူ ၂၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ကူးစက်မှုအများစုဟာ နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင်တွေမှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ မေ ၇ ရက် ညပိုင်းအထိ သေဆုံးသူ ၁,၀၀၀ နီးပါး (၉၃၀ ဦး) အထိ မြင့်တက်လာပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စင်ကာပူပြီးပါက ဒုတိယ ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်နေပါတယ်။
အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှဒေသတွင်း COVID-19 ကြောင့် သေဆုံးမှုအများဆုံးကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရပြီး လက်ရှိအချိန်အထိ လူ ၇၀၀ နီးပါး (၆၈၅ ဦး) သေဆုံးခဲ့ပါတယ်။ ကူးစက်မှုအရေအတွက် ထောင်ဂဏန်းပမာဏရှိတဲ့ အခြား အရှေ့တောင်အာရှိ နိုင်ငံတွေကတော့ မလေးရှားမှာ ၆,၄၇၆ ဦးနဲ့ ထိုင်းမှာ ၂,၉၉၂ ဦး ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ ကူးစက်မှု ရာဂဏန်းရှိတဲ့ နိုင်ငံတွေအဖြစ် ဗီယက်နမ်မှာ ၂၈၈ ဦး၊ မြန်မာမှာ ၁၇၆ ဦး၊ ဘရူနိုင်းမှာ ၁၄၁ ဦးနဲ့ ကမ္ဘောဒီးယားမှာ ၁၂၂ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ လာအိုနဲ့ အရှေ့တီမောမှာတော့ ကူးစက်ခံရသူ ၁၉ ဦးနဲ့ ၂၄ ဦး တွေ့ရှိရကြောင်း အသီးသီး အတည်ပြုထားပါတယ်။
မေ ၇ ရက် ညပိုင်းအထိ အရှေ့တောင်အာရှဒေသတွင်း COVID-19 အခြေအနေ
- စင်ကာပူ - (ကူးစက် - ၂၀,၉၃၉၊ သေဆုံး - ၂၀၊ ပြန်လည်သက်သာ - ၁,၆၃၄)
- အင်ဒိုနီးရှား - (ကူးစက် - ၁၂,၇၇၆၊ သေဆုံး - ၉၃၀၊ ပြန်လည်သက်သာ - ၂,၃၈၁)
- ဖိလစ်ပိုင် - (ကူးစက် -ူ ၁၀,၃၄၃၊ သေဆုံး - ၆၈၅၊ ပြန်လည်သက်သာ - ၁,၆၁၈)
- မလေးရှား - (ကူးစက် - ၆,၄၇၆၊ သေဆုံး - ၁၀၇၊ ပြန်လည်သက်သာ - ၄,၇၇၆)
- ထိုင်း - (ကူးစက် - ၂,၉၉၂၊ သေဆုံး - ၅၅၊ ပြန်လည်သက်သာ - ၂,၇၇၂)
- ဗီယက်နမ် - (ကူးစက် - ၂၈၈၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၃၃)
- မြန်မာ - ကူးစက် - ၁၇၆၊ သေဆုံး - ၆၊ ပြန်လည်သက်သာ - ၆၂)
- ဘရူနိုင်း - (ကူးစက် - ၁၄၁၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၁၃၁)
- ကမ္ဘောဒီးယား - (ကူးစက် - ၁၂၂၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၂၀)
- လာအို - (ကူးစက် - ၁၉၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၉)
- အရှေ့တီမော - (ကူးစက် - ၂၄၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၀)
စုစုပေါင်း အရေအတွက် - (ကူးစက် - ၅၄,၂၉၆၊ သေဆုံး - ၁,၈၀၄၊ ပြန်လည်သက်သာ - ၁၃,၇၅၆)