သုတေသနကုမ္ပဏီ Counterpoint ကနေပြီး နောက်ဆုံးထုတ်ပြန်တဲ့ ၂ဝ၂ဝ ခုနှစ်၊ ပထမ (၃) လပတ်အတွက် မိုဘိုင်းစျေးကွက်စစ်တမ်းအချက်အလက်များအရ realme ဟာ အရှေ့တောင်အာရှ ဒေသတွင် နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၁၇၃ ရာခိုင်နှုန်းဖြင့် အဆင့်-၅နေရာမှာ ရပ်တည်လျက်ရှိပြီး ဒေသတွင်း တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ဆက်လက်ရပ်တည်နေတာကို တွေ့ရပါတယ်။
၂ဝ၂ဝ ခုနှစ် ပထမ (၃) လပတ်အတွင်း COVID-19 ကပ်ရောဂါ သက်ရောက်မှုများကြောင့် အရှေ့တောင်အာရှစမတ်ဖုန်းစျေးကွက်၏တင်ပို့ရောင်းချမှုမှာ ၁၁ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သလို ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ လည်း ၂ဝ၁၉ ခုနှစ် ပထမ (၃) လပတ်ထက် ၁၃ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ တိုးတက်နှုန်းရရှိခဲ့တဲ့ ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တွေထဲမှာ realme က ပါဝင်ခဲ့တာပါ။
သုတေသနကုမ္ပဏီ၏ထုတ်ပြန်ချက်အရ realme မှာ ၂ဝ၂ဝ ခုနှစ် ပထမ (၃) လပတ်ကာလအတွက် အရှေ့တောင်အာရှ၏ထိပ်တန်းစျေးကွက်စာရင်းတွင် အဆင့်-၅နေရာအတွင်း ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှာ နှစ်အလိုက်တိုးတက်မှုနှုန်း ၁၁၆ ရာခိုင်နှုန်းနှင့် ၂၅၂ ရာခိုင်နှုန်း အသီးသီးတို့ဖြင့် အဆင့်-၄နေရာမှာ ရပ်တည်နိုင်ခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံက နှစ်အလိုက်တိုးတက်မှုနှုန်း ၁၈ဝဝ ရာခိုင်နှုန်း၊ ဗီယက်နမ်က နှစ်အလိုက်တိုးတက်မှုနှုန်း ၉၂ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက နှစ်အလိုက်တိုးတက်မှုနှုန်း ၃၅ဝ ရာခိုင်နှုန်းတို့်ဖြင့် သက်ဆိုင်ရာနိုင်ငံတွင်း စျေးကွက်တွင် အဆင့်-၅ နေရာသို့ ရောက်ရှိလာတာကိုတွေ့ရပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ realme မှာ ၂ဝ၂ဝ ခုနှစ်၊ ပထမ (၃) လပတ်တွင် အဆင့်-ရနေရာကို ဆက်လက်ရယူထားပြီး တစ်ကမ္ဘာလုံးသုံးစွဲသူအရေအတွက် ၃၅သန်းဖြင့် တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံအဖြစ် ရပ်တည်လျက်ရှိပါတယ်။
realme အနေနဲ့ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်စျေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အရှေ့တောင်အာရှစျေးကွက်သို့ ပထမဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံတွင်းနှင့် ဒေသတွင်းစျေးကွက် ၂ရခုအထိ ထိုးဖောက်ဝင်ရောက် နေရာယူထားပြီးဖြစ်ပါတယ်။
သုတေသနကုမ္ပဏီ Counterpoint ၏ စစ်ဆေးချက်များအရ realme အနေနဲ့ စတင်မိတ်ဆက်ပြီး တစ်နှစ်အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် ထိပ်တန်းအမှတ်တံဆိပ် ၅ခု စာရင်းတွင်ဝင်ရောက်နေရာယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီယားတွင် စတင်မိတ်ဆက်ပြီး ၃လအတွင်း အဆင့်-၅နေရာရယူနိုင်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာတော့ ၂ဝ၂ဝ ခုနှစ်၊ ပထမ (၃)ပတ်အတွင်း အဆင့်-၅နေရာသို့ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုတိုးတက်မှုအခြေအနေများ ကြောင့် အရှေ့တောင်အာရှ၏ အဓိကစျေးကွက်များတွင် ထိပ်တန်းတင်ပို့ရောင်ချသူတစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
မြန်မာပြည်မိုဘိုင်းစျေးကွက်တွင်းလည်း realme Myanmar အနေနဲ့ realme C series၊ realme 2 series၊ realme 3 series၊ realme 5 series၊ realme XT၊ realme X2 Pro (Limited Edition)၊ realme 6 series ထုန်ကုန်များကိုတင်သွင်းရောင်းချပေးခဲ့ပြီး လူငယ်ဆန်သည့်ဒီဇိုင်းပုံစံများနှင့် နည်းပညာဆန်းသစ်မှုများကြောင့် သုံးစွဲသူများမြန်မြန်ဆန်ဆန်တိုးတက်လာခဲ့ခြင်းဖြစ်ကာ တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံအဖြစ်ပါ မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် ယခုကဲ့သို့ အဆင့်-၅နေရာအထိ တက်ရောက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခြား accessory တွေဖြစ်တဲ့ realme Power Bank, realme Buds Wireless, realme Buds Air တို့ကိုပါ တင်သွင်းရောင်းချလျက်လည်းရှိပါတယ်။
realme အနေနဲ့ Tech Trendsetting life ကိုပိုမိုပုံဖော်ဖြည့်ဆည်းပေးနိုင်စေရန်အတွက် smartphone နှင့် AIoT ထုတ်ကုန်များကိုလည်း သိပ်မကြာသည့်အချိန်တွင် မြန်မာနိုင်ငံ စျေးကွက်အတွင်းသို့ယူဆောင် ပေးသွားရန် ပြင်ဆင်လျက်ရှိပြီး နည်းပညာကိုနှစ်သက်မြတ်နိုးစွာ အသုံးပြုနေတဲ့ လူငယ်များအတွက် မိမိတစ်ကိုယ်ရည်ဘဝ၊ မိသားစုဘဝနှင့် ခရီးသွားလာခြင်းတို့ အတွက် နည်းပညာရေစီးကြောင်းဘဝစတိုင်းကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်စေရန် ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
နိုင်ငံတကာတွင်လည်း 5G ကွန်ရက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်းများနှင့်အတူ entry-level မှ flagship-level အထိ ထုတ်ကုန်များစွာကို မိတ်ဆက်ရောင်းချပေးထားပြီးဖြစ်ပါတယ်။
အနာဂတ်မှာလည်း လူငယ်များအထူးနှစ်သက်သဘောကျတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် "Dare To Leap” ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားဖန်တီးပေးသွားမယ်လို့ သိရပါတယ်။
(ဒီသတင်းကို realme မှပံ့ပိုးကူညီထားပါတယ်)
Share