နှစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့တာပါ။

လီဗာပူးလ်ကိုမပြောင်းရွှေ့ခင်မှာ ဖာဘင်ဟိုအတွက် ကြိုးစားခဲ့တယ်လို့ အမ်မရီက ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖာဘင်ဟိုက အံ့အားသင့်စရာကစားသမားတစ်ဦးဖြစ်နေပြီလို့လည်း အမ်မရီက ချီးကျူးခဲ့ပါတယ်။


အာဆင်နယ်အသင်းနည်းပြအူနိုင်းအမ်မရီက သူ့အနေနဲ့ လီဗာပူးလ်ကွင်းလယ်လူဖာဘင်ဟိုကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးတယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ လီဗာပူးလ်ကိုမပြောင်းရွှေ့ခင်မှာ ဖာဘင်ဟိုအတွက် ကြိုးစားခဲ့တယ်လို့ အမ်မရီက ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖာဘင်ဟိုက အံ့အားသင့်စရာကစားသမားတစ်ဦးဖြစ်နေပြီလို့လည်း အမ်မရီက ချီးကျူးခဲ့ပါတယ်။

ဖာဘင်ဟိုကတော့ မိုနာကိုကနေ လီဗာပူးလ်ကို ပေါင်သန်း ၄၀နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အစောပိုင်းကာလမှာ အသင်းအတွက်ခြေစွမ်းပြကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာ ပုံမှန်ခြေစွမ်းပြသနေပြီး အသင်းရဲ့အဓိကကစားသမားအဖြစ်နဲ့ ပွဲထွက်ကစားခွင့်လည်း ရရှီနေခဲ့ပြီဖြစ်ကာ ကလော့ပ်ရဲ့ အားကိုးရတဲ့ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

အမ်မရီက အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နီကိုလပ်စ်ပီပီနဲ့ ပတ်သက်ပြီးပြောဆိုခဲ့ရာမှာ ဖာဘင်ဟိုနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ပီပီအနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ အချိန်လိုအပ်တယ်လို့ အမ်မရီက ဆိုခဲ့ပြီး ဖာဘင်ဟိုအနေနဲ့လည်း ပြင်သစ်လိဂ်ကနေ ပြောင်းရွှေ့လာခါစမှာ ရုန်းကန်ခဲ့ရတယ်လို့ ဆက်စပ်ပြောဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

"ပီပီက ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်လိုနေပါတယ်၊ ဥပမာဆိုရရင် ဖာဘင်ဟိုကို ပြင်သစ်မှာကတည်းက ကျွန်တော်သဘောကျခဲ့ပါတယ်၊ ပီအက်စ်ဂျီအတွက် သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့သလို အာဆင်နယ်ကိုရောက်လာချိန်မှာလည်း ကျွန်တော်ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့်သူက လီဗာပူးလ်ကို ရောက်ရှိခဲ့ပါတယ်၊ ပထမခြောက်လမှာသူရုန်းကန်ခဲ့ရပေမယ့် အခုဆိုရင် အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားဖြစ်နေပါပြီ" လို့ အမ်မရီက ပြောဆိုခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က