ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူပါ။

အသက် ၁၈နှစ်အရွယ် စကော့တလန်လူငယ်ကွင်းလယ်ကစားသမားအနေနဲ့ လီဗာပူးကိုအနိုင်ရခဲ့တဲ့  အက်ဖ်အေဖလားစတုထ္ထအဆင့်ပွဲစဉ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းများကြောင့် ချီးကျူး ခံနေရသူလည်းဖြစ်ပါတယ်။

အက်ဖ်အေဖလားပွဲစဉ်အတွင်း ခြေစွမ်းပြကစားနိုင်မှုများကြောင့် ချီးကျူးခံနေရတဲ့ ချဲလ်ဆီးကွင်းလယ် ကစားသမားဂီလ်မောလ်အနေနဲ့ လီဗာပူးကွင်းလယ်ကစားသမားဖာဘင်ဟိုကို အကြိမ်ကြိမ်ကျော်ဖြ တ် ကစားနိုင်ခြင်းနဲ့အတူပရီးမီးယားလိဂ်မှာထွန်းတောက်လာမယ့် ကစားသမားတစ်ဦးအဖြစ် မှတ်ချက်ပြု ခြင်းခံနေရတယ်လို့ dailymail က စုစည်းဖော်ပြလာပါတယ်။

ရုပ်သံအနှေးပြကွက်များအရ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့အပြင် ၀ါရင့်ကွင်း လယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကို အကြိမ်ကြိမ်ကျော်ဖြတ်ကစားနိုင်ခဲ့ခြင်းက ပွဲသံ ုးသပ်သူ တွေအတွက် အဓိကချီးကျူးစရာဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။



“ တကယ်ကိုအံအားသင့်စရာပါ။ ပုဂ္ဂိုလ်ရေးအရပြောရရင် ဘောလုံးကို ထိန်းကျောင်းကစားနိုင်ပုံကတ ကယ်ကို အဆင့်တစ်ခုမှာရှိနေတဲ့သူပါ။ ကစားသမားကောင်းတစ်ဦးမှာရှိသင့်ရှိထိုက်တဲ့အရည်အ ချင်း အားလုံး ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ် ” လို့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဖာဘရီဂတ်စ်  က သုံးသပ်ပြောဆိုလိုက်တာပါ။

ဂီလ်မောလ်အနေနဲ့ လီဗာပူးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ နီကိုဝီလျံ၊ ကာတစ်ပ်ဂျုံးတို ့ထ က်ပိုပြီးခြေစွမ်းပြနီုင်ခဲ့တဲ့အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့တာပါ။

ရုပ်သံတင်ဆက်သူတွေအပြင် နာမည်ကြီးသုံးသပ်သူအများစုကပါ ဂီလ်မောလ်ကိုအနာဂတ်ပရီးမီးယား လိဂ်ကြယ်ပွင့်ဖြစ်လာနိုင်သူအဖြစ် သတ်မှတ်ခဲ့ကြပြီး လက်ရှိမှာစကော့တလန်ယူ-၂၁အဖြစ် ကိုယ်စားပြုနေပြီး တစ်ချိန်မှာ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာနို င်တယ် လို့ မှတ်ချက်ပြုခြင်းခံနေရသူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က