data center ‌တွေအတွက် AI ထုတ်ကုန်နည်းပညာသစ်တွေ ‌‌ဖန်တီးသွားမှာပါ

အစ္စရေးက AI Chipmaker တစ်ခုဖြစ်တဲ့ Habana Labs ကို Intel ဟာ ဒေါ်လာ ၂ ဘီလျံဝန်းကျင်ပေးပြီး ဝယ်ယူလိုက်ပြီလို့ ဆိုပါတယ်။

Habana ဟာ ၂၀၁၆ ခုနှစ်က တည်ထောင်ခဲ့တဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး ရုံးခွဲတွေဟာ တယ်လ်အယ်ဗစ် ၊ ဆန်ဟိုဆေး ၊ ဘေဂျင်း နဲ့ ပိုလန်က ဒန့်စ်ခ်တို့မှာ ရှိထားပါတယ်။ ကုမ္ပဏီတည်ထောင်ခဲ့တဲ့ အချိန်ကစပြီး Habana Labs ဟာ စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ သန်း ၁၂၀ ရထားတယ်လို့ ဆိုပါတယ်။


Intel နဲ့ အရောင်းအဝယ်ဖြစ်ပြီးချိန်မှာလည်း Habana အနေနဲ့ လွတ်လပ်တဲ့ စီးပွားရေး ယူနစ်တစ်ခုအဖြစ် လည်ပတ်နေမှာ ဖြစ်ပြီး ကုမ္ပဏီအတွင်းက စီမံခန့်ခွဲမှုအပိုင်းကလည်း နဂိုအတိုင်း ဆက်ရှိနေမှာပါ။ ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သသူ အဗစ်ဒေါ် ဝီလန့်ဇ်ဟာ အကြီးတန်း အကြံပေးအဖြစ် ဆက်ရှိဦးမယ်လို့ ဆိုပါတယ်။

Gaudi AI Training Processor (Photo: techspot)

ဒီအရောင်းအဝယ်ကြောင့် Intel အနေနဲ့ ဒေတာစင်တာတွေအတွက် AI ထုတ်ကုန်တွေ ဖန်တီးရေးပိုင်းကို ပိုပြီး အားကောင်းမောင်းသန် ဖြစ်လာမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။ Habana Labs ဟာ deep learning ပိုင်းအတွက် processors တွေ ထုတ်လုပ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဲမှာပဲ Habana ဟာ Gaudi AI training processor သစ်ကို ကြေညာခဲ့ပါတယ်။

Gaudi AI Training Processor ဟာ GPU အခြေခံစနစ်တွေကို ၄ ဆ ပိုမြန်အောင် စွမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။ Habana နဲ့ ပူးပေါင်းမှုကြောင့် Intel AI ‌ဒေတာစင်တာထုတ်ကုန်တွေကို သုံးနေတဲ့ မိုဘိုင်း နဲ့ web apps တွေအတွက် ဓါတ်ပုံနဲ့ စကားသံ ဖတ်ရှုမှတ်သားတာလိုမျိုး features တွေမှာ AI ကို ပိုမို မြန်မြန်ဆန်ဆန် တိတိကျကျ သုံးနိုင်တော့မယ်လို့ Engadget သတင်းက ဆိုပါတယ်။

Intel ဟာ AI နည်းပညာရဲ့ စွမ်းဆောင်ရည်တွေကို ကိုယ်တစ်ခြမ်းသေ ဝေဒနာရှင်တွေရဲ့ ပျက်စီးသွားတဲ့ ကျောရိုးအာရုံကြောမကြီးတွေ ပြန်လည် ချိတ်ဆက်နိုင်ရေးနဲ့ မျက်နှာအမူအယာနဲ့ ထိန်းချုပ်နိုင်တဲ့ wheelchair တွေ ဖန်တီးရေးမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတာပါ။ လက်တွေ့မှာလည်း လူ့ဦးနှောက်ကို တုပထားတဲ့ neuromorphic chips တွေ စမ်းသပ်မှု လုပ်ထားပါတယ်။

Photo: Engadget


Intel အနေနဲ့ ခြေလက်အင်္ဂါအစိတ်အပိုင်းတွေ ပြန်လည် အလုပ်လုပ်ဆောင်နိုင်စေခြင်းကနေ မောင်းသူမဲ့ကားတွေအထိ သုံးနိုင်မယ့် AI chipsets တွေ ထုတ်နေတာပါ။ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီအနေနဲ့ AI ကဏ္ဍကနေ ဝင်ငွေ ဒေါ်လာ ၃.၅ ဘီလျံကျော် ရရှိဖို့လည်း မျှော်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ AI silicon ဈေးကွက်ဟာ ဒေါ်လာ ၂၄ ဘီလျံတန်တဲ့ ဈေးကွက်တစ်ခု ဖြစ်လာဖို့လည်း ရှိနေပါတယ်။

Intel ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဩဂုတ်လထဲမှာ ‌ဒေတာစင်တာတွေမှာ သုံးတဲ့ AI နည်းပညာများ ထုတ်လုပ်တဲ့ machine learning ကုမ္ပဏီ Nervana Systems ကို ဒေါ်လာ သန်း ၄၀၀ ကျော် ပေးပြီး ဝယ်ဖို့ သဘောတူခဲ့သလို ၂၀၁၆ စက်တင်ဘာလအတွင်းမှာ ဒရုန်းနဲ့ VR ထုတ်ကုန်တွေမှာ အသုံးပြုတဲ့ computer vision processors တွေ Movidius chip ကုမ္ပဏီကို ဝယ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က