အသင်းရဲ့ အမှုဆောင်အားကစားဒါရိုက်တာကို ထုတ်ပယ်လိုက်တာကြောင့် သူလည်း ထွက်ဖို့ ဆုံးဖြတ်လိုက်တာ လို့သိရပါတယ်။
အေစီမီလန်အသင်းကိ ကာလတိုစာချုပ်နဲ့တစ်ကျော့ပြန်ရောက်ရှိလာတဲ့ ဆွီဒင်လက်ရွေးစင်ဟောင်း အီဘရာဟီမို ဗစ်က ရာသီကုန်တာနဲ့ အသင်းက ပြန်လည်ထွက်တော့မယ်လို့ ဆုံးဖြတ်ထားကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
အခုလို အသင်းက ထွက်ခွာဖို့ ဖြစ်လာတာကတော့ အသင်းရဲ့ အမှုဆောင်ဘောလုံးအရာရှိ ဘိုဘန်ထုတ်ခံရတာ ကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘိုဘန်ကတော့ ၂၀၁၀ကနေ ၂၀၁၂ အထိ အသင်းမှာကစားခဲ့တဲ့ မိုဗစ်ကို အေစီမီလန် ပြန်လည်ခေါ်ဆောင် လာခဲ့ သူလို့ သိရပါတယ်။
ဒါကြောင့်လည်း ဘိုဘန်ကို အသင်းက ထုတ်ပယ်လိုက်ချိန်မှာမိုဗစ်ကိုပါ အသင်းမှာ ဆက်လက်မရှိစေဖို့ ဖြစ်လာ စေခဲ့တာလို့ သိရပါတယ်။
အခုလို အသင်းက ထွက်ခွာမယ်ဆိုတဲ့ မိုဗစ်ရဲ့ ဆုံးဖြတ်ချက်ကတော့ မီလန်အသင်းရဲ့ စီအီးအို အိုင်ဗန်ဂါဇီဒစ်ကို အံ့အားသင့်စေမှာအမှန်လို့လည်း သိနိုင်ပါတယ်။
မိုဗစ်က အခု အသင်းကို ပြန်ရောက်ချိန်မှာ ၁၀ပွဲကစားအပြီး၄ဂိုးသွင်းယူပေးထားနိုင်သည့်တိုင် အေစီမီလန်အသင်း မှာဆက်ရှိနေဖို့ အခြေအနေတွေက မဖြစ်နိုင်ဖို့ ရှိနေပါပြီ။
လက်ရှိမှာတော့ အေစီမီလန်တုန်းက အတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဂတ်တူဆိုတာတန်ယူကိုင်တွယ်နေ တဲ့ နာပိုလီကို ပြောင်းဖြစ်မယ်လို့လည်း သတင်းတွေက ထွက်ပေါ်နေပါတယ်။