သရုပ်ဆောင် ချောရတနာ၊ ဆုကဗျာ နဲ့ ဝမ်း တို့လည်းပါဝင်ပါတယ်။

ဆုပန်ထွာတို့ ဇနီးမောင်နှံကတော့ ညောင် ၁၀ပင် အဓိဌာန်ဝင်နေကြတယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလအတွင်းက အိမ်ထောင်သက် ၄ နှစ်ပြည့်ခဲ့ကြတာပါ။

Photo: Su Pan Htwar

သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်တို့ဟာ ကုသိုလ်ရေး၊ ဘာသာရေးတွေနဲ့ ပတ်သက်လာရင် အမြဲတက်ကြွသူတွေဖြစ်ပါတယ်။ အခုလည်း ညောင် ၁၀ပင် အဓိဌာန် ဝင်နေတယ်လို့ သိရပါတယ်။

‘’သစ်တံခါးဆရာတော်ဘုရားရဲ့ညောင် ၁၀ပင် အဓိဌာန်ဒီနေ့စဝင်တာမို့ ပထမဆုံးအကြိမ်အောင်မြင်ခဲ့ပါပြီ။ ဒီအဓိဌာန်လေးလုပ်ဖြစ်အောင်တိုက်တွန်းပေးတဲ့ ညီမလေး ဆုကဗျာနဲ့ချောရေ ကျေးဇူးပါ’’ ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံအပြင် သရုပ်ဆောင် ချောရတနာ၊ သရုပ်ဆောင် ဆုကဗျာ၊ သရုပ်ဆောင် ဝမ်း တို့ ညီအစ်မ နှစ်ဦးလည်း ပါဝင်လုပ်ဆောင် နေတာကို တွေ့ရပါတယ်။ 

Photo: Su Pan Htwar

သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ မင်္ဂလာသက်တမ်း ၄ နှစ်ပြည့်ခဲ့ကြပြီဖြစ်ပါတယ်။ အမှတ်တရနေ့လေးမှာ မိသားစုအတူတူ ကုသိုလ်ကောင်းမှု တွေ လုပ်ခဲ့ကြတယ်လို့ ဆုပန်ထွာက ပြောပြလာပါတယ်။

‘’14.2.2019(Happy 4th Anniversary Valentine’s Day)။ ကြာသပတေးနေ့ မိသားစု ဆွမ်းလောင်းကုသိုလ်လေးပါ။ (ဆွမ်း+ငါးခြစ်ဆီပြန်ဟင်း+ပန်းပွင့်ကြော်+ငါးပိရည်ကြို) သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လျော်ဆပ်ပြာ။ သူတော်ကောင်းများနဲ့သာ တွေ့ရ ဆုံရပါလို၏။ဤကုသိုလ်ကောင်းမှူလေးတွေကြောင့်ဘဝမှာစိတ်အေးချမ်းသာယာစွာနေရပါလို၏ဘုရား” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Su Pan Htwar

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။ 

Photo: Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က