လိဒ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရမှာပါ။

လီဗာပူးလ်ရဲ့ ရာသီအစပွဲစဉ်တွေကတော့ အနည်းငယ်ခက်ခဲနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ကာကွယ်ရမယ့်အသင်းအတွက်တော့ စမ်းသပ်မှုတွေက အစောပိုင်းမှာပဲ စတင်လာပြီလို့ သတင်းဌာနတွေက သုံးသပ်ခဲ့ကြပါတယ်။ 


၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ပွဲစဉ်ဇယားတွေထွက်ပေါ်လာခဲ့ပြီဖြစ်ရာ လက်ရှိချန်ပီယံလီဗာပူးလ်အတွက်တော့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့အတွက် ကြီးမားတဲ့စမ်းသပ်မှုတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာတော့ ၈ ပွဲသာ ကစားမှာဖြစ်ပြီး ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွေကစားခဲ့တဲ့ မန်ချက်စတာအသင်းနှစ်သင်းရဲ့ ပွဲစဉ်တွေကိုတော့ ရွှေ့ဆို်င်းထားခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ စက်တင်ဘာလ ၁၂ ရက်နေ့ အဖွင့်ပွဲမှာ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာဖြစ်ပါတယ်။ ပွဲစဉ်အစမှာပဲ အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးလိဂ်နှစ်ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းနှစ်သင်း ရင်ဆိုင်ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပြီး ယာဂင်ကလော့ပ်အတွက်တော့ ချန်ပီယံဘွဲ့ကာကွယ်ရမယ့်လမ်းကြောင်းက စကတည်းကယဉ်သကိုယ်ဆိုသလိုဖြစ်လာခဲ့ပါပြီ။

လီဗာပူးလ်အနေနဲ့ အဲဒီနောက်မှာ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို စက်တင်ဘာလ ၁၉ ရက်နေ့ နဲ့ ၂၆ ရက်နေ့တွေမှာ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်လို့လည်း ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံနေရတာပါ။ ဒီနောက်မှာတော့ အောက်တိုဘာလ ၃ရက်နေ့မှာ ဗီလာ၊ ခါးသီးပြိုင်ဘက် အဲဗာတန်နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကစားရပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရှက်ဖီးနဲ့ ကစားသွားရမှာပါ။ 

နိုဝင်ဘာ ၇ ရက်နေ့မှာ မန်စီးတီး၊ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ယူနိုက်တက်၊ ဇန်နဝါရီ ၂၇ မှာ စပါးတို့နဲ့ ဆက်တိုက်ကစားရဖို့လည်းရှိနေပါတယ်။ လီဗာပူးလ်ရဲ့ ရာသီအစပွဲစဉ်တွေကတော့ အနည်းငယ်ခက်ခဲနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ကာကွယ်ရမယ့်အသင်းအတွက်တော့ စမ်းသပ်မှုတွေက အစောပိုင်းမှာပဲ စတင်လာပြီလို့ သတင်းဌာနတွေက သုံးသပ်ခဲ့ကြပါတယ်။ 


အထူးသဖြင့်အဖွင့်ပွဲ ၃ပွဲက လီဗာပူးလ်အတွက် တော်တော်လေးအရေးပါနေပြီးတော့ အဆိုပါပွဲစဉ်တွေကို ရလဒ်ကောင်းအောင်ရယူထားနိုင်ဖို့က အရေးပါနေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပွဲအနည်းငယ်ကြပ်မယ့်အချိန်က ဇန်နဝါရီဖြစ်ပြီး ယူနိုက်တက်၊ စပါးတို့နဲ့ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံတို့အဖွင့်လှမလား၊ ဆိုးရွားမလားဆိုတာကတော့...။ 

Share

Loading Next Article...
က္က