‘’သတိ အန္တရာယ်ရှိသည်’’ ရုပ်ရှင်ဇာတ်ကားကြီး ဆင်ဆာထိခဲ့လို့ တိုင်ရွန်တစ်ယောက်အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ယုန်လေး၊ ကေညီ၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း နဲ့ ခင်ဝင့်ဝါတို့က ပါဝင်ထားတာပါ။
Photo: တိုင်ရွန်
တိုင်ရွန်က သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကားကြီးဟာ ဆင်ဆာထိခဲ့လို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ကြိုးစားထားသမျှ သဲထဲရေသွန်မဖြစ်စေချင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။
‘’ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ။ ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ။ ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖြစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး’’ ဆိုပြီးတော့ တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: တိုင်ရွန်
ဒီဇာတ်ကားကိုတော့ ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ယုန်လေး၊ ကေညီ၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူငယ်ပရိသတ်တွေအကြိုက် အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ သိရပါတယ်။
Photo: တိုင်ရွန်
တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။
Photo: တိုင်ရွန်
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။