ချယ်ဆီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့် တောင်ပံကစားသမား အီဒင်ဟာဇက်အတွက် ရီးရဲမက်ဒရစ်ရဲ့ပထမဆုံးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အနည်းဆုံး ပေါင် ၉၈.၅ သန်း ရရှိလိုနေတယ်လို့ ဆိုပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ယခုအပတ်မှာ အီဒင်ဟာဇက်အတွက် ပထမဆုံးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာကို ချယ်ဆီးအသင်းက ငြင်းပယ်ခဲ့ပြီး ဟာဇက်အတွက် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးရရှိမှသာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေသူဖြစ်တဲ့ ဟာဇက်ဟာ စိတ်လှုပ်ရှားမှုနဲ့အတူ ချယ်ဆီးက ရီးရဲမက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့ပြီး ရီးရဲမက်ဒရစ်ဟာ ၎င်းကို ခေါ်ယူနိုင်ဖို့ အားလုံးလုပ်သွားမယ်လို့ ယုံကြည်နေပါတယ်။
ဘယ်လ်ဂျီယံသတင်းဌာန HLN ရဲ့ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဟာဇက်ကို ရောင်းချလိုနေတယ်လို့ သိရပြီး ပေါင် ၉၈.၅ သန်းအောက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းထံ ပေါင် ၁၀၅ သန်းနဲ့ ရောင်းချခဲ့ပြီး ချယ်ဆီးအသင်းက ဟာဇက်အတွက် ထိုပမာဏနဲ့တူညီတဲ့ ပြောင်းရွှေ့ကြေးရရှိဖို့ ထိုက်တန်တယ်လို့ ထင်နေတာဖြစ်ပါတယ်။