လိုချင်မိတဲ့ သမက်လောင်းပုံစံကိုပြောပြလာပါတယ်။

အိချောပိုရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်သီတာစန်းက သူ့ရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အိချောပိုဟာ သူမအတွက်တော့ အင်မတန်မှ လိမ္မာယဉ်ကျေးတဲ့ သမီးတစ်ယောက်ပါတဲ့။

Photo: Ei Chaw Po Fb



ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သရုပ်ဆောင်အိချောပိုရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်သီတာစန်းက သူရဲ့ဆန္ဒကို Duwun Media ကနေတစ်ဆင့် ပြောခဲ့ပါတယ်။

‘’အန်တီ့မှာ သားအကြီးဆုံးရှိသေးတယ်။ သားကြီးတောင် အိမ်ထောင်မပြုသေးဘူးဆိုတော့ သူ့အတွက်ကိုလည်း မစဉ်းစားသေးတာပေါ့နော်။ ဒါပေမယ့် တစ်နေ့ကျရင် စဉ်းစားရတော့မယ်ဆိုတဲ့ အချိန်ရှိလာမှာပဲလေ။ ဒါကြောင့် သမီးလေး အေးချမ်းသလို အိမ်ထောင်ဘက်လည်း အေးချမ်းပြီးတော့ ကိုယ့်လိုပဲ ချစ်တဲ့သူတွေ့ရင်တော့ စဉ်စားပေးရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: A Lin Yaung

ဒေါ်သီတာစန်းဟာ သမီးဖြစ်သူ အိချောပိုနဲ့ ပတ်သက်လာရင် အင်မတန် စည်းကမ်းကြီးသူတစ်ယောက် ဖြစ်ပါတယ်။ တက္ကသိုလ်တက်တဲ့အချိန်မှာတောင် ဘေးကနေမခွာ လိုက်လံစောင့်ရှောက်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

‘’အိချောပိုက အန်တီ့အတွက်တော့ လိမ္မာယဉ်ကျေးတဲ့ သမီးလေးပါ။ သူ တက္ကသိုလ်တက်တာတောင်မှ အန်တီက သူစာသင်တဲ့ခုံမှာ ၄ နှစ် ယဉ်ကျေးမှုတက္ကသိုလ်မှာ အတူတူထိုင်ပြီးတော့ တက်ခဲ့တာ’’ ဆိုပြီးတော့ အိချောပိုရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာပါ။

Photo: Zaw G

အိချောပိုကိုလည်း အနုပညာအလုပ်ထက် ပညာရေးကို ပိုပြီး ဦးစားပေးစေချင်ခဲ့တယ်လို့ ဒေါ်သီတာစန်းက ဆိုပါတယ်။ ဒါပေမယ့်လည်း အနုပညာအလုပ်ကို ဝါသနာကြီးလွန်းတဲ့အတွက် တားလို့မရခဲ့ဘူးလို့ ပြောပါတယ်။

‘’သူ အခုလို မင်းသမီးတစ်ယောက် ဖြစ်လာမယ်လို့လည်း မထင်ဘူး။ မတိုက်လည်း မတိုက်တွန်းခဲ့ပါဘူး။ ဖြစ်မှာစိုးလို့ သီချင်းတောင် နားမထောင်ခိုင်းခဲ့ဘူး။ ပညာတွေပဲ တတ်စေချင်တာပေါ့။ ဒါပေမယ့် သူဖြစ်ချင်တဲ့၊ သူလုပ်ချင်တဲ့ ဝါသနာအရမ်းပါတယ်ဆိုတော့လည်း အန်တီတို့ ခွင့်ပြုခဲ့ရတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Zaw G

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအ ပကြောင့်လည်း ပရိသတ်တွေ အားကျရသလို ဇာတ်ရုပ်တိုင်းမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က