မွေးနေ့ ဆုတောင်းစကားတွေ ပြောပြလာပါတယ်။

အိချောပိုက ဇန်နဝါရီလ ၃ ရက်နေ့ မှာ အသက် ၂၈ နှစ်ပြည့်ပြီဖြစ်ပါတယ်. သူမအတွက်ကိုလည်း ချစ်ရတဲ့ မေမေ နဲ့ အတူ အနုပညာ ညီအစ်မတွေက မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်.

သရုပ်ဆောင် အိချောပိုက ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ပွဲကို WDC အမျိုးသမီးများ ဖွွံ့ဖြိုးတိုးတက်ရေး ကျောင်းမှာ အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်. ဒီအလှူမှာတော့ သူမရဲ့ မိသားစုဝင်တွေနဲ့ အတူ အနုပညာ ညီအစ်မတွေလည်း တက်ရောက်ခဲ့ကြပြီး မွေးနေ့ ဆုတောင်း စကားတွေကို Duwun Media ကနေ ပြောပြလာပါတယ်.

'' အရင်တစ်ခေါက်က ဒီကျောင်းမှာ အဒေါ် တစ်ယောက်ရဲ့ အလှူလာလုပ်တော့ ကလေးတွေက မမအိချောပို တဲ့.. ခေါက်ဆွဲကြော် စားချင်တယ်ဆိုတာနဲ့ နောက် တစ်ခေါက်ကျရင် လာကျွေးမယ်လို့ သူတို့ ကို ကတိပေးခဲ့တယ်. အဲ့ဒါကြောင့် အိချော ရဲ့ မွေးနေ့မှာ သူတို့ ကြိုက်တဲ့ ခေါက်ဆွဲကြော်ကို လာလှူဖြစ်တာပါ. ဒီကျောင်းမှာတော့ ပထမဆုံးအကြိမ် လာလှူဖြစ်တာပါ'' လို့ အိချောပိုက မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်.

အဲ့ဒီနောက် သရုပ်ဆောင် အိချောပိုရဲ့ မိခင်ဖြစ်သူ ဒေါ်သီတာစန်း ကလည်း သမီး အိချောပို အတွက် မွေးနေ့ ဆုတောင်းစကားကို Duwun Media ကနေ ပြောပြခဲ့ပါတယ်.

'' သမီးကြီး ဒီ့ထက်မကအောင်မြင်ပြီးတော့ အသက် ၁၂၀ ကျော်အထိ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားစေချင်တယ်ပေါ့. မွေးနေ့မှာလည်း ဘုရား ရှိခိုးတယ်. အမေ အဖေ တွေကိုလည်း ကန်တော့တယ်. ပြီးတော့ ဆုံးသွားပြီဖြစ်တဲ့ အဘိုးနဲ့ အဘွားတွေကို မေတ္တာပို့ပေးတယ်ပေါ့နော်'' လို့ သူကဆိုပါတယ်.

အိချောပို ရဲ့ မွေးနေ့ အလှူကို တက်ရောက်လာတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မျိုးမျိုးခိုင် နဲ့ သူဇာပွင့် တို့ကလည်း မွေးနေ့ ဆုတောင်း စကား ဆက်လက်ပြောပြလာပါသေးတယ်.

'' အိချောပိုလေး ဒီနေ့ မွေးနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ တတိုင်းရပြီးတော့ သူလိုချင်တဲ့ အကယ်ဒမီ မင်းသမီးလေးဖြစ်ပါစေ. မိဘ ကို လုပ်ကျွေးတဲ့ သမီးလေးဖြစ်တာကြောင့်လည်း ရမှာပါ'' လို့ မျိုးမျိုးခိုင်က ဆုတောင်းပေးခဲ့ပါတယ်.

'' စူစူလေး ဒီနှစ်မွေးနေ့က စပြီး နောက်နှစ် မွေးနေ့တိုင်းကို ဖေဖေ မေမေ မိသားစုကို ပိုချစ်နိုင်ပါစေ. ၇ ရက်သားသမီး အားလုံးကိုလည်း ပိုပြီးတော့ ချစ်နိုင်ပါစေ '' လို့ သူဇာပွင့်က ဆက်လက် ဆုတောင်းပေးခဲ့ပါတယ်.

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

Share

Loading Next Article...
က္က