လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုလာမယ့်နွေရာသီမှာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကန်တေကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Le10 Sport ရဲ့သတင်းအရ သိရပါတယ်။

ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းက အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီး လာမယ့်နွေရာသီမှာ ချယ်ဆီးအသင်းရဲ့ သဘောထားကို စမ်းသပ်တော့မှာဖြစ်ပါတယ်။



Le10 Sport ရဲ့သတင်းအရ ကန်တေနဲ့ နည်းပြဆာရီတို့ကြားက ဆက်ဆံရေးဟာ အေးစက်လာနေတယ်လို့ သိရပြီး ကန်တေဟာ ၎င်းရဲ့မွေးရပ်မြေပြင်သစ်ကို ပြန်လည်သွားရောက်ကစားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းနည်းပြ ဆာရီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက နာပိုလီအသင်းမှာ အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့ပြီးနောက် ကန်တေရဲ့နေရာမှာ အတင်းအကြပ်အသုံးပြုခဲ့ပြီး ကန်တေကို အခြားနေရာမှာ ကစားစေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ကန်တေရဲ့ မူလနေရာဖြစ်တဲ့ ကွင်းလယ်ခံစစ်နေရာကို ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့နိုဝင်ဘာလက အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ကန်တေဟာ နည်းပြဆာရီကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားဖွယ်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က