ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ၎င်းရဲ့အချိုးမပြင်နိုင်ရင် အသင်းအတွက် ဘယ်တော့မှ ကစားခွင့်မရဖို့ ဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားခဲ့တယ်လို့ Metro သတင်းတစ်ရပ်အရ သိရပါတယ်။

sei_32980449-4f24.jpg

အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့စနေနေ့က ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ပြီး ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ပဏာမလူစာရင်းမှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပြီး နည်းပြမော်ရင်ဟိုဟာ ဆန်းချက်ဇ်မပါဝင်ရတဲ့ကိစ္စဟာ အခြားအရာတွေရှိနေတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်တဲ့ ဆန်းချက်ဇ်ဟာ မော်ရင်ဟိုရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရမှုကြောင့် ဒေါသထွက်နေတယ်လို့ သိရပါတယ်။

 

The Sun ရဲ့သတင်းအရ မော်ရင်ဟိုဟာ ၎င်းရဲ့နည်းဗျူဟာကို မေးခွန်းထုတ်ခဲ့ပြီး ပွဲထွက်ကစားခွင့် လုံလောက်စွာမရရှိကြောင်း ညည်းတွားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အလက်ဆစ်ဆန်းချက်ဇ်က မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို ၎င်းအနေနဲ့ နည်းပြမော်ရင်ဟိုရဲ့ ပစ်ပယ်ခြင်းကို ခံထားရကြောင်းနဲ့ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာရဲ့နည်းစနစ်မှာသာဆိုရင် ၎င်းအနေနဲ့ ဘယ်လို ကစားပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမား ခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က