ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ မနေ့ကကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အီဂါလိုတို့ရဲ့ စာချုပ်ဟာ မနေ့ကကုန်ဆုံးခဲ့တာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုနိုင်ကြောင်းကို သတင်းမထုတ်ပြန်နိုင်ခဲ့ပါဘူး။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအီဂါလိုကို အငှားနဲ့ခေါ်ယူထားတဲ့စာချုပ်သက်တမ်းပြည့်ခဲ့ပြီးနောက် စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ကြိုးပမ်းမှုဟာ မအောင်မမြင်ဖြစ်ခဲ့ရပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အီဂါလိုတို့ရဲ့ စာချုပ်ဟာ မနေ့ကကုန်ဆုံးခဲ့တာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုနိုင်ကြောင်းကို သတင်းမထုတ်ပြန်နိုင်ခဲ့ပါဘူး။ 

ဒီအပေါ်မှာ မူတည်ကာ ယူနိုက်တက်ဘက်ကကြိုးစားခဲ့မှုက အရာမထင်ဖြစ်ခဲ့ရတယ်လို့ အင်္ဂလန်သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်းရှန်ဟွာနဲ့ ယူနိုက်တက်တို့ကြားမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် အငှားခေါ်ယူဖို့အတွက် ကုန်ကျမယ့်စရိတ်က အဓိကပြသနာတစ်ခုအဖြစ်ရှိနေတယ်လို့ နားလည်ထားကြောင်းလည်း Daily Mail က ရေးသားခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ အေးဂျင့်အက်တာအန်နီကီကတော့ ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ အီဂါလိုကို အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်နဲ့ ဆွေးနွေးနေတယ်လို့ ဆိုခဲ့ပေမယ့်လည်း စာချုပ်သက်တမ်းကုန်ဆုံးမယ့် နောက်ဆုံးနေ့ရက်၊ နောက်ဆုံးအချိန်ထိ တစ်စုံတစ်ရာသဘောတူညီမှုမရရှိခဲ့ဘူးလို့ သိရပါတယ်။ 

အီဂါလိုဟာ ရှန်ဟိုင်းရှန်ဟွာနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး တရုတ်ကလပ်ဘက်ကတော့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် ဆန္ဒရှိနေပါတယ်။ Sky Sports ကလည်း အီဂါလိုအတွက် သဘောတူညီမှုတွေရရှိဖို့ နီးစပ်မှုရှိကြောင်း ဖော်ပြခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးပါဘူး။

ရှန်ဟိုင်းအသင်းနဲ့သာ စာချုပ်သစ်ချုပ်ဆိုဖို့ကို အီဂါလိုဘက်က သဘောတူခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်မှာ နောက်ထပ်အချိန်ကာလတစ်ခုအထိ ဆက်လက်ရှိနေဖို့ကို တရုတ်စူပါလိဂ်ကလပ်ဘက်က ခွင့်ပြုပေးဖွယ်ရှိနေတယ်လို့လည်း Sky Sports က ဖော်ပြခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က