ဒါဘီကောင်တီအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အတွက်သွ င်းဂိုး ၂ဂိုးအထိရရှိရယူပေးထားနိုင်ခဲ့ခြင်းကြောင့် အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူဖို့ရှိ နေခဲ့တာပါ။
ယူနိုက်တက်အသင်းသို့ အငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးအီဂါလိုရဲ့ခြေ စွမ်းကြောင့် အသင်းတာဝန်ရှိသူတွေအနေနဲ့ ရာသီကုန်မှာအပြီးသတ်စာချုပ်ချုပ်ဆိုနေတဲ့အပေါ်နည်းပြ ဆိုးလ်ရှားက အတည်ပြုဆုံးဖြတ်ပေးရဖို့ရှိနေတယ်လို့ thesun က ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ရာသီဝင်အပြောင်းအရွှေ့ကမှ တရုတ်ကလပ်ရှန်ဟိုင်ရှင်ဟွာအသင်းကနေ ယူနိုက်တက်အသ င်း ဆီရောက်ရှိလာခဲ့တဲ့ အီဂါလိုအနေနဲ့လက်ရှိမှာအသင်းအတွက် ၂ပွဲကစားသွင်းဂိုး ၃ဂိုးအထိရရှိထား ခဲ့တဲ့အတွက် အသင်းတာဝန်ရှိသူများအနေနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေခဲ့တာပါ။
“ အီဂါလိုအနေနဲ့ အသင်းမှာ ပိုပြီးအံဝင်လာပါပြီ။ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့သူဖြစ်လို့လည်းခြေ စွမ်းပြနိုင်တာပါ။ ယူနိုက်တက်ရဲ့အနာဂတ်ကစားသမားဖြစ်လာနိုင်ခြေရှိပါတယ် ” လို့ နည်းပြဆိုးလ်ရှား က ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။
အီဂါလိုအနေနဲ့ ယူနိုက်တက်ကိုရောက်ရှိခါစမှာ ကိုရိုနာဗိုင်းရပ်စ်အစပြုရာ တရုတ်နိုင်ငံကနေလာခဲ့တဲ့ အတွက် ဆေးစစ်မှုအချို့နဲ့စောင့်ကြည့်ခံခဲ့ရခြင်း၊ အသင်းနဲ့ပူးပေါင်းလေ့ကျင့်ခွင့်မရခြင်း၊ သီးသန့်လေ့ ကျင့်မှု များပြုလုပ်ခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းရဲ့တိုက်စစ်မှာအကောင်းဆုံးခြေစွမ်းပြနေခဲ့တာ ပါ။
ယူနိုက်တက်နဲ့အီဂါလိုအကြား စာချုပ်သက်တမ်းမှာ အခုနှစ်ရာသီကုန်အထိသာရှိနေခဲ့ပြီး အသင်းတာ ဝန်ရှိသူတွေကတော့ ပရီးမီးယားလိဂ်ကလပ်ဝက်ဖို့ဒ်အသင်းမှာရှိစဉ်က ခြေစွမ်းကိုပြန်ရနေတဲ့ကစား သမားဖြစ်သူကို ရာသီကုန်မှာအပြီးသတ်စာချုပ်ချုပ်ဆိုပြီးခေါ်ယူလိုနေတယ်လို့ဗြိတိန်မီဒီယာအများစု က ကိုးကားဖော်ပြမှုများရှိနေခဲ့ပါတယ်။