ပထမဆုံးအင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဘယ်လောက်ထိစိတ်အားထက်သန်နေခဲ့လဲဆိုတာကို အီဂါလိုက ထုတ်ဖော်ပြောဆိုခဲ့သလို အမှန်တကယ်ပြောင်းရွှေ့ခွင့်ရချိန်မှာ မျက်ရည်တောင်ကျမိခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ်အီဂါလိုဟာ အသင်းနဲ့ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာပဲ ယူနိုက်တက်ပရိသတ်တွေကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဘယ်လောက်ထိစိတ်အားထက်သန်နေခဲ့လဲဆိုတာကို အီဂါလိုက ထုတ်ဖော်ပြောဆိုခဲ့သလို အမှန်တကယ်ပြောင်းရွှေ့ခွင့်ရချိန်မှာ မျက်ရည်တောင်ကျမိခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ 

တရုတ်ကလပ်ရှန်ဟိုင်းရှန်ဟွာကနေ ရာသီကုန်ထိအငှားစာချုပ်နဲ့ အီဂါလိုက ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ငယ်ဘဝအိပ်မက်တစ်ခုကို အကောင်အထည်ဖော်နို်င်ခဲ့တဲ့အတွက် အီဂါလိုက ကျေနပ်ခဲ့သလို နိုင်ဂျီးရီးယားမှာလည်း အီဂါလိုရဲ့ အပြောင်းအရွှေ့ကြောင့် အောင်ပွဲခံ

ပါတီတွေကို ကျင်းပခဲ့တဲ့အထိ ဂုဏ်ယူပျော်ရွှင်နေခဲ့ကြတယ်လို့ ကစားသမားက ပြောဆိုခဲ့ပါတယ်။ အီဂါလိုရဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

"ရှန်ဟိုင်းမှာ ည၁၁နာရီဖြစ်နေချိန်မှာ ကျွန်တော့်အေးဂျင့်ဆီကဖုန်းဆက်လာခဲ့ပြီး ယူနိုက်တက်က ကျွန်တော့်ကိုခေါ်ယူချင်တယ်လို့ပြောလာပါတယ်၊ အိပ်ယာကနေ ကျွန်တော်ကမန်းကတန်းထခဲ့ပြီး တရုတ်စကားပြန်တစ်ဦးလိုက်ရှာတယ်၊ ပြီးတော့ ရှန်ဟိုင်းဒါရိုက်တာအခန်းတံခါးကို သွားခေါက်ခဲ့ပြီး ငါ့အေးဂျင့်က မင်းနဲ့စကားပြောချင်နေတယ်၊ ယူနိုက်တက်က ငါ့ကိုကမ်းလှမ်းထားတယ်၊ ဒါကိုဖြစ်မြောက်အောင် မင်းတို့လုပ်ပေးပါလို့ ကျွန်တော်ပြောခဲ့ပါတယ်"

"ဒီနောက်မှာ ဆွေးနွေးမှုတွေစတင်ခဲ့ပြီး တစ်ညလုံးကျွန်တော်အိပ်မရခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ အပြောင်းအရွှေ့က ရှန်ဟိုင်းအချိန် မနက် ရနာရီဆို ပိတ်တော့မှာပါ၊ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျွန်တော်တို့ပိုပေးခဲ့ပါတယ်၊ အခြားအသင်းတွေကလည်း ကျွန်တော့်ကိုကမ်းလှမ်းထားတယ်လို့ အေးဂျင့်က ပြောခဲ့ပေမယ့် ငါ ယူနိုက်တက်ကိုပဲ သွားချင်တယ်၊ ငါ့ကိုပို့ပေးလို့ပြောတော့ သူက မင်း အဲဒီကိုသွားရင် လစာလျှော့ယူရမှာလို့ ပြောခဲ့ပါတယ်၊ ကျွန်တော်ဂရုမစိုက်ဘူးလို့ ပြန်ပြောခဲ့ပါတယ်"

"ဒီနောက်မှာ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ကျွန်တော်အရမ်းပျော်ရွှင်ခဲ့ရပါတယ်၊ဝက်ဖို့ဒ်မှာကစားတုန်းကလည်း အသင်းဖော်တွေက ကျွန်တော်ယူနိုက်တက်ကို ဘယ်လောက်ချစ်လဲဆိုတာ သိပါတယ်၊ နိုင်ဂျီးရီးယားမှာလည်း သိကြပါတယ်၊ အန်ဒီကိုးလ်ကစားတာကို ကျွန်တော်နှစ်သက်မိပြီး နိုင်ဂျီးရီးယားမှာ ယူနိုက်တက်ပရိသတ်တွေအများကြီးပါ၊ ကျွန်တော့်အမေကို ဖုန်းဆက်ပြောချိန်မှာ အမေလည်း ဝမ်းသာလို့ ငိုကြွေးခဲ့ပြီး ကျွန်တော်လည်းမျက်ရည်ကျခဲ့ရပါတယ်" လို့ အီဂါလိုက သူ့ရဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က