ဆာလာရဲ့ စံထားလောက်စရာတွေကို ကျောင်းသင်ရိုးအဖြစ် သင်ကြားပေးမှာပါ။

လီဗာပူးအတွက် အထူးခြေစွမ်းပြကစားနေတဲ့ မိုဟာမက်ဆာလာရဲ့ အကြောင်းကို သူ့ရဲ့မွေးရပ်မြေ အီဂျစ်နိုင်ငံက ကျောင်းသင်ခန်းစာတွေမှာ အကျယ်တဝင့် ထည့်သွင်းသင်ကြားပေးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။



ဆာလာရဲ့ ကွင်းတွင်း၊ ကွင်းပြင်အမူအကျင့်တွေက စံထားလောက်စရာလို့ဆိုနိုင်ပြီး ဒီအထဲကမှ သူ့ရဲ့ အမှတ်ရစရာ ထူးထူးခြားခြားဇာတ်လမ်းတွေကို မူလတန်းနဲ့အလယ်တန်းသင်ရိုးတွေမှာ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ The Times ကဖော်ပြခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေကို ဆာလာအကြောင်း လွှမ်းခြုံသင်ကြားပေးသွားဖို့ ပြင်ဆင်ထားတာပါ။

မူလတန်းသင်ရိုးမှာတော့ ကလပ်အတွက်ရော၊ နိုင်ငံအတွက်ပါ ဆာလာရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပြီး အလယ်တန်းသင်ရိုးမှာတော့ ဆာလာရဲ့ ပရဟိတလုပ်ငန်းတွေနဲ့ လူထုအဖွဲ့အစည်းအပေါ် ဘယ်လိုအကျိုးပြုလဲဆိုတဲ့ အကြောင်းအရာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အလယ်တန်းသင်ရိုးမှာပါဝင်တဲ့ ဆာလာအကြောင်း သင်ခန်းစာတစ်ခုကို ထုတ်နှုတ်ဖော်ပြရမယ်ဆိုရင်တော့ “ဆာလာက သူတစ်ပါးကို ကူညီပေးဖို့ အမြဲတမ်း ဆန္ဒရှိသူပါ။ ဘာကြောင့်လဲဆိုတော့ သူက လူငယ်တွေ အောင်မြင်လာဖို့အတွက် အခွင့်အရေးပေးချင်တာကြောင့်ပါပဲ။ သူက အီဂျစ်လူမျိုး သန်းပေါင်းများစွာရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ”

“အီဂျစ်လူမျိုးတွေကလည်း သူ့ကို ‘ပျော်ရွှင်စရာတွေ ဖန်တီးပေးသူ’ အဖြစ် အမည်ပြောင် ပေးထားပါတယ်” လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကိုတော့ ဆာလာနဲ့အတူ သူ့သမီးငယ် မက္ကာတို့နှစ်ယောက် ပုံနဲ့ ပုံဖော်ပေးထားမှာပါ။

မက္ကာဆိုတဲ့နာမည်နဲ့ မြို့တစ်မြို့လည်းရှိပြီး ဒီမြို့ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားရာ အမြင့်မြတ်ဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဆာလာဟာ (၂၀၁၇) မှာ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ပရီးမီးယားလိဂ်ဖလားရအောင် ခြေစွမ်းပြနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်အသင်းကိုလည်း ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလား ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရအောင် ကြိုးစားပေးခဲ့သလို လက်ရှိဘောလုံးရာသီမှာလည်း လီဗာပူးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၅) ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ 

Share

က္က