အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နရင်ဒီယာမိုဒီကလည်း ဒေလီမှာဖြစ်ပွားခဲ့တဲံ မီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်းကို သူ့ရဲ့ twitter မှာရေးသားခဲ့ပါတယ်။

အိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ဗုဒ္ဓဂါယာကို ဘုရားဖူးလာတဲ့မြန်မာအမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မြန်မာသံရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။



photo -NDTV



နယူးဒေလီမြို့ Karol Bargh အရပ်က Arpit Hotel မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ ဟိုတယ်မှာတည်းခိုနေတဲ့ အဖွဲ့ဝင် (၇) ဦးပါတဲ့ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့က သေဆုံးသူ (၂) ဦးရှိခဲ့ပြီးတော့ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားမှုမှာ ပါဝင်ခဲ့တဲ့မြန်မာတွေအတွက် မြန်မာသံရုံးကနေ အခင်းဖြစ်ပွားရာနေရာနဲ့ ဆေးရုံတွေကို သွားရောက်ခဲ့ပြီးတော့ ကူညီနေတယ်လို့လည်းသံရုံးက ထုတ်ပြန်ထားပါတယ်။




မြန်မာသံရုံးက အတည်ပြုချက်အရ သေဆုံးသူတွေက ဒေါ်လှမေ အသက် (၆၆)နှစ်နဲ့ ဒေါ်မြမြထွေး အသက် (၄၄)နှစ် တို့ဖြစ်ပြီးတော့ ဒဏ်ရာရရှိသူတစ်ဦးကိုလည်း lady hardinge ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ကျန်တဲ့ မြန်မာနိုင်ငံသား ၄ ဦးကိုတော့ hotel Metro View မှာတည်းခိုခိုင်းပြီးတော့ အခင်းဖြစ်ပွားမှုမှာ ပါဝင်သူတွေအတွက် မြန်မာသံရုံးကနေ ထောက်ပံ့ကူညီပေးနေတယ်လို့ ထုတ်ပြန်ထားတာပါ။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နရင်ဒီယာမိုဒီကလည်း ဒေလီမှာဖြစ်ပွားခဲ့တဲံ မီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်းကို သူ့ရဲ့ twitter စာမျက်နှာထက်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က