ဗုဒ္ဓဟူးနေ့မှာ နောက်ဆက်တွဲ အစည်းအဝေး ပြုလုပ်ဖို့ရှိနေပြီး ဒါပြီးရင်တော့ ချန်ပီယံရှစ်ကလပ်တွေရဲ့ အဖြေကို သိနိုင်ပါမယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရပ်နားထားရသော်လည်း ပြိုင်ပွဲကို ရာသီသိမ်းနိုင်အောင် ချန်ပီယံရှစ် ကလပ်များ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ဒီအတွက် ချန်ပီယံရှစ်ကလပ်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗီဒီယို အစည်းအဝေး ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါ တယ်။
ဒီအစည်းအဝေးကတော့ တနင်္လာနေ့က ထိပ်ဆုံး ၆သင်း အစည်းအဝေး ပြုလုပ်ပြီး လက်ကျန်ပွဲတွေအတွက် သဘောတူညီခဲ့ကြတဲ့ အစည်းအဝေးနည်းတူဆက်လက်ပြုလုပ်ခဲ့ကြတာပါ။
လက်ရှိမှာတော့ ချန်ပီယံရှစ်မှာ လိဒ်ယူနိုက်တက်က ဒုတိယနေရာက ဝက်စ်ဘရွန်ကို တစ်မှတ်အသာနဲ့ လက်ကျန် ၉ ပွဲအလိုမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။
ပရီးမီးယားလိဂ်ကလပ်တွေကလည်း လက်ကျန်ပွဲတွေနဲ့ပတ်သက်ပြီး အစည်းအဝေးကို အင်္ဂါနေ့က ပြုလုပ်ခဲ့သလို ချန်ပီယံရှစ်ကလပ်တွေကလည်း ဗုဒ္ဓဟူးနေ့မှာ ဆက်လက်အတည်ပြုနိုင်ရေး အစည်းအဝေး လုပ်သွားမယ်လို့ သိရပါတယ်။
တန်းတက်ဖို့အတွက် ဖူဟမ်၊ဘရက်ဖို့ဒ်၊နော်တင်ဟမ်ဖောရက်နဲ့ပရက်စတန်တို့ အပြိုင်ဖြစ်နေသလို တန်းဆင်းဇုန်မှာလည်း ချာလ်တန်၊လူတန်တောင်းနဲ့ဘန်စလေတို့ အပြိုင်ဖြစ်နေပါတယ်။
မူလသတ်မှတ်ချက်အရ ချန်ပီယံရှစ်ရဲ့ နောက်ဆုံး အပတ်ပွဲစဥ်တွေကို မေ ၂ ရက်နေ့မှာ ကစားစေမှာဖြစ်ပြီး ဒီကာလအတွင်း မပြီးပါက လိဂ်ဝမ်းနဲ့တူးက ကလပ်အသင်းတွေက အသားတင် ပေါင်သန်း ၅၀ ဆုံးရှုံးနစ်နာ မယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ ပြဿနာတွေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ဘုတ် အဖွဲ့အစည်းအဝေးအပြီးမှာ သိရှိနိုင်ဖို့ ရှိနေပါတယ်။
Share