ဘူတာရုံတစ်ရုံအနီးမှာ ရထားလမ်းချော်မှု ဖြစ်ခဲ့ပါတယ်။

အိန္ဒိယမှာ ဒေလီကိုပြေးဆွဲတဲ့ ခရီးသည်တင်ရထားတစ်စင်း နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်အတွင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ ခရီးသည်ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: ANI)

ယနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအတွင်း အခြား ခရီးသည်အချို့လည်း ဒဏ်ရာရခဲ့ကြောင်း ရထားလမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ Seemanchal Express ရထားတွဲ ၁၁ တွဲပါ ရထားဟာ ပြည်နယ်မြို့တော် ပတ္တနာမှ ၃၁ မိုင်အကွာ Sahadai Buzrurg ဘူတာရုံအနီးမှာ လမ်းချော်မှုဖြစ်ခဲ့ကြောင်း ရထားလမ်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။



(Photo: AP)

ယခုဖြစ်ရပ်ဟာ ဘေးကင်းလုံခြုံမှု ပြဿနာတွေရှိနေတဲ့ အိန္ဒိယရထားလမ်းကြောင်းမှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် လူသေဆုံးတဲ့ မတော်တဆမှုလည်း ဖြစ်လာပါတယ်။ ယမန်နှစ်အတွင်းကလည်း အိန္ဒိယမြောက်ပိုင်းရှိ ရထားလမ်းပေါ်မှာ စုဝေးနေတဲ့ လူအုပ်စုအတွင်းကို အရှိန်မြှင့်ခုတ်မောင်းလာတဲ့ ရထားတစ်စင်းက ဝင်တိုက်ခဲ့မှုကြောင့် လူ ၆၀ သေဆုံးခဲ့ပါတယ်။

(Photo: ANI)

ကိုလိုနီခေတ်မှာ ဖောက်လုပ်ထားခဲ့တဲ့ အိန္ဒိယရထားလမ်းကြောင်းတွေရဲ့ ဘေးကင်းလုံခြုံမှု မှတ်တမ်းဟာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေခဲ့ပြီး ရထားလမ်းဘေးကင်းလုံခြုံမှု အခြေခံအဆောက်အအုံပိုင်းမှာ ဆယ်စုနှစ်များကြာအောင် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အိန္ဒိယမှာ နေ့စဉ် ရထားစီးခရီးသည် ၂၃ သန်းရှိနေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က